မင်းနဲ့မှချစ်တတ်ပြီ..... Ep (3)
ရိပေါ် ပြုံးမိပြန်သည်။ လူကြီးအကြောင်းတွေးနေရင်းပေါ့လေ....
အဲ့နေ့က လူကြီး ရူံးတာကြောင့် အောင့်သက်သက်မိတ်ဆက်ခဲ့တာ မှတ်မိသေးပါရဲ့.....
ရိပေါ် အချိန်ပိုင်းလုပ်တဲ့ ကော်ဖီဆိုင်ကို ဆိုက်မြိုက်စွာ လူကြီးရီးစားနဲ့ရောက်လာခဲ့တဲ့အတွက် လူကြီးက ရူံးသူကတိအတိုင်းမိတ်ဆက်သွားတာလေး....။
လူကြီးနာမည်လေးက ရှောင်းရှောင်ကျန့်ဆိုပဲ...။ နောက်ပြီး ဆေးရုံလိုက်ပို့တဲ့အတွက် ကျေးဇူးပါတဲ့လေ....။
ကျေးဇူးဆိုတာကို အသံခပ်ကြိတ်ကြိတ်နဲ့ပြောနေတဲ့လူကြီးကို နောက်ချင်တာကြောင့် မကြားချင်ယောင်ဆောင်လို့
*ဘာလဲ ကျနော်မကြားလိုက်ဘူး*
ပြောတော့ သက်ပြင်းခပ်ဖွဖွချလို့ နောက်တစ်ခေါက်ထပ်ပြောတဲ့လူကြီးက တစ်ကယ် စချင်စရာကောင်းလွန်းတယ်.....ရိပေါ်နာမည်ပြန်မေးတော့ ရိပေါ် က လူကြီးကို
*ရူံးတဲ့သူကပဲ မိတ်ဆက်ရမှာလို့ပဲ ပြောခဲ့တာလေ နိုင်တဲ့သူက မိတ်ဆက်ပါ့မယ်လို့ ပါလို့လား*
မေးတော့ လူကြီး က ရိပေါ်ကို *ကလိမ်ကကျစ်ချာတိတ်ပဲ* လို့ ပြောသွားပါသေးတယ်.....။
လူကြီးက တစ်ကယ် စရတာ ပျော်ဖို့ကောင်းတယ်။..............
ရှောင်ကျန့် သိပ်တော့မကျေနပ်ပေ.... လွန်ခဲ့တဲ့နှစ်ရက်လောက်မှာ ချာနိတ်နဲ့တွေ့ပြီး သူအချေခံခဲ့ရတာကို တနုံ့နုံ့ဖြစ်နေတုန်းပင်.....
သူကသာ မိတ်ဆက်လိုက်ရတာ ချာတိတ်က လုံးဝ သူ့နာမည်တော့မပြောပြခဲ့....။ ထားပါ မပြောချင်လဲ...ဒါပေမဲ့ ရှောင်ကျန့် ရူံးခဲ့တာတော့ လုံးဝ ရာဇဝင်ရိုင်းတယ်။ သူ့အနေနဲ့ ချာတိတ်အကြောင်းကို စုံစမ်းချင်ရင် မိနစ်ပိုင်းလောက်ပဲ ကုန်ပေမဲ့ အဲ့လိုမလုပ်ချင်ပေ....။ ထို အချေကောင်လေးကိုယ်တိုင် ရိုရိုကျိုးကျိုး မိတ်ဆက်စေချင်လေတာ.....။ ဟင်း.... ဘယ်လိုလုပ်ရပါ့....။
ရှောင်ကျန့်လဲ ဒီချာတိတ်နဲ့မှ ရာဇဝင်လေးပြောင်းနေပြီ...။