Part {12}

13K 830 18
                                    

မနက်ခင်းအစောထဖို့ရန်အတွက် သျှားမှာဖုန်းကို Alarm ပေးထားလိုက်၏။
ဒီနေ့ ပြည်ဘက်ကို ခရီးသွားရမှာ ဖြစ်တာကြောင့် အစောထရန် လိုအပ်ပေသည်။

ခါတိုင်းဆိုရင် မနက် 7:30ဆို  ပုံမှန် အိပ်ရာထလေ့ရှိ၏။
ဒီနေ့မှာတော့ 5:30 လောက်ထဖို့ရန်အတွက်ကျ Alarm မပေးထားလို့က မဖြစ်ပေ။

သျှား ရဲ့ အဖေ ဦးမြတ်မင်းက စင်ကာပူငပါတနာ တစ်ဦးနဲ့ ချိန်းဆိုထားတာမို့ ပြည်မြို့မှာရှိတဲ့ ပွဲရုံဘက်ကိုကျ  မာန်ထက်သျှားကို ကိုယ်တိုင် ဦးစီးခိုင်းလိုက်တာ‌ဖြစ်၏။

ဒါကြောင့် ကိုယ့်အလုပ်ကို ဘေးချိတ်ပြီး၊ ဖခင်ဖြစ်သူရဲ့ အလုပ်ကိုအရင်ဦးဆုံး ဦးစားပေးရတာဖြစ်၏။

အချိန်က ည11:00ရှိပြီဖြစ်၏။
သျှား သည် စာရင်းတွေအားလုံး စစ်ပြီးသွားတာနဲ့ Laptopကို ပိတ်လိုက်ပြီး ထရပ်လိုက်မယ်လုပ်လိုက်တဲ့ အချိန်မှာပဲ ရုတ်တရပ် ဖုန်း callတစ်ခုက ၀င်လာခဲ့၏။
ဖုန်းမှန်ပြင်ကို ကြည့်လိုက်တော့ သျှား မသိတဲ့ နံပတ်စိမ်းတစ်ခုဖြစ်နေ၏။

သျှားသည် ရုတ်တရပ်မို့ မျက်မှောင်တစ်ချက်ကြုတ်လိုက်မိ၏။ ဒီလို အချိန်မရှိ၊ အခါမရှိကိုဘယ်သူကများဖုန်းဆက်ရတာပါလိမ့်၊ အလုပ်ကိစ္စ ဆိုရင်လည်းပဲ ဒီလို ဖုန်ုးဆက်ပြောလေ့မရှိပေ၊ မန်နေဂျာ လင်းကိုက mail ပဲ ပို့တာပင်၊ သန်ခေါင်လောက် ဖုန်းဆက်တာဆိုတော့ ကိစ္စကောင်းတော့ မဖြစ်နိုင်ပေ။

လက်ခံရန်ဆိုတဲ့နေရာလေးကို အပေါ်သို့ဆွဲလိုက်ကာ တစ်ဖက်က ပြောလာမဲ့ အသံကိုကြားရန်အတွက် ဘယ်ဘက်နား နားကို ဖုန်းကို အသာယာကပ်လိုက်၏။

"ဟဲလို"

တစ်ဖက်က ဩရှရှအသံက နားစည် အတွင်းသို့ ၀င်ရောက်လာခဲ့၏။ အသံက ယောက်ျားသားတစ်ဦးရဲ့ အသံပင်ဖြစ်၏။ ဒီအသံကို သူကြားဖူးသလိုလိုပင် ဘယ်မှာလဲတော့ သျှား လည်း မမှတ်မိပေ။

"ဟဲလို.."
ဟုတ်ကဲ့..ဘယ်သူလဲမသိဘူးဗျ!!

သျှားသည် ဘယ်သူဘယ်ဝါမှန်းမသိတာမို့ ကောင်း"မွန်"သာ ပြန်တုန့်ပြန်လိုက်၏။

"ခင်ဗျား ဘာလုပ်နေလဲ?"

တစ်ဖက်လူက သူ့ကို သိနေသလိုပုံစံမျိုးနဲ့ စကားကို တစ်ရင်းတနှီးပြောလာတော့ သျှား နည်း"တော့ အံ့ဩမိ၏။

{ ချည် } Where stories live. Discover now