Part {14}

12.4K 852 14
                                    

နားထဲမှာ ကြားနေရတဲ့ အသံတွေကဆူညံလှသည်။ ရုတ်တရပ် ကိုယ်နံဘေးနားမှာ လာပြီး လူအများကြီးနဲ့ ဝိုင်းဖွဲ့ကာ စကားထိုင်ပြောနေသလိုပင်။
ဆူညံလွန်း၏။

တစ်စ၊တစ်စ နှာခေါင်းထဲတိုး၀င်လာတဲ့ အနံ့အသက်တွေက ဘယ်လိုပြောရမယ်မှန်းမသိ၊ ဆေးနံ့လိုလို၊ ကလေး မီးဖွားနေတဲ့အချိန်မှာ ရရှိလာတဲ့ အနံ့အသက်လိုလို၊ တစ်ခုမှကောင်းမနေပေ။
နှလုံးထဲ တိုး၀င်လာတဲ့ အနံ့အသက်တွေကြောင့်အန်ချင်စိတ်ဖြစ်ကာ ရင်ထဲပျို့တက်ချင်သလိုတောင်ဖြစ်လာခဲ့၏။

"ဒေါက်တာ သားရဲ့ အခြေအနေ ဘယ်လိုရှိပြီလဲဟင်?"

ဦးမြတ်မင်းမှာ သားရဲ့ဇောကြောင့် လူလည်းပျာယာခတ်လို့နေ၏။ နွေဦးက တော့ သားဖြစ်သူက အိမ်ပြန်နောက်ကျမယ်လို့ပြော၏။
ခါတိုင်းလည်း ဒီလိုပဲ သွားလေ့ရှိတာမို့ သိပ်ပြီးစိုးရိမ်မနေဖြစ်တော့၊ အိမ်မှာ ညနေစာ စားနေတုန်းမှာ ရုတ်တရပ်၀င်လာတဲ့ ဖုန်းကို ကောက်ကိုင်လိုက်တော့ ဆေးရုံက ဆက်တာဖြစ်နေ၏။

ကိုမာန်ထက်သျှားရဲ့ ဖခင်ဖြစ်သူ ဟုတ်ပါသလားလို့သူတို့ကမေးသည်။ စပြီးကြားကာစတုန်းက ဒီကောင် ဘာဇယားတွေရူပ်ထားတာလဲဆိုပြီး ဒေါသဖြစ်လိုက်သေး၏။
သို့ပေမဲ့ အထင်နဲ့ အမြင်လွဲနေခဲ့၏။

သားဖြစ်သူက ကားမောင်းရင် သတိအရမ်းကြီးတဲ့သူဖြစ်တာကြောင့် ပထမတော့ လူလွှဲနေပါပြီလို့ သူပြောသေး၏။
သို့သော်  တာ၀န်ရှိသူတွေကနေ ‌သေချာလေး ရှင်းပြလာတော့၊သားဖြစ်သူဆိုတာ မယုံချင်သောလည်း ကိုယ်တိုင် လာပြီး အတည်ပြုကြည့်ပေးပါလို့ဆိုတာနဲ့၊  ဦးမြတ်မင်းကိုယ်တိုင် လာကြည့်လိုက်တော့
Accidentဖြစ်သူရဲ့ လက်ကိုင်ဖုန်းနဲ့ နာရီ၊တို့ကိုမြင်တော့ လူပါမူးမေ့လဲချင်သွား၏။
ထိုနာရီကို သူသိတာပေါ့၊ သူ့မွေးနေ့က ဦးမြတ်မင်းကိုယ်တိုင် မွေးနေ့လက်ဆောင်အဖြစ် ၀ယ်ပေးခဲ့တဲ့ နာရီပင်။

"ဒေါက်တာ သားရဲ့အခြေအနေက ပုံမှန်တော့ ပြန်ဖြစ်နိုင်ပါတယ်နော်.."
အခုဆို သားသတိလစ်နေတာ သုံးရက်မြောက်နေရှိနေပြီ၊ ဘာအကြောင်းမှလည်း ထူးမလာဘူး၊ ကျွန်တော့်သားလေး ပြန်တော့သတိရလာမှာပါနော်.."

{ ချည် } حيث تعيش القصص. اكتشف الآن