🌻" ဒီနားမှာ ပန်းနဲနဲထပ်ဆင်လိုက်။ ပန်းအိုးက ညာဘက်နည်းနည်းကပ်လိုက် "
" အဲ့နေရာကသိပ်အဆင်မပြေဘူး။ စင်သေချာဆောက်နော် ခလုတ်တိုက်စေမဲ့အစွန်းတွေမထွက်စေနဲ့။ ကန့်လန့်ဖြတ်ပြီး သံရိုက် "
စေ့စပ်ပွဲအတွက်အပီအပြင်ကြိုးစားကာ နေ့မနားညမနားပြင်ဆင်နေတော့သည်။ ယမှုံလဲဘွဲ့ရပြီမို့နေရောင် အန်ကယ်နဲ့ညှိနှိုင်းခဲ့တဲ့အတိုင်း မိန်းကလေးဘက်ကဖြစ်ချင်သမျှကို ဦးစားပေးထားတော့သည်။ အင်ဂျင်နီယာလဲဖြစ်သလိုနဂိုထဲက သေချာလုပ်တဲ့လူမို့အလုပ်လုပ်တဲ့လူတွေ တစ်ချက်မှမနားရပေ။ ဘေးနားကနွားနို့ထည့်ထားတဲ့ ဘူးကိုယူကာနဲနဲအအေးခံပြီးတာနဲ့ မော့ချလိုက်တော့သည်။
* ဖြောင်း ဖြောင်း ဖြောင်း *
" အင်မတန် ငါးပါးသီလလုံတဲ့ယောကျာ်း ။ နို့ပဲသောက်တယ်ပေါ့လေ "
" မင်းစောစောစီးစီးမူးလာပြန်ပြီဟုတ်လား "
" ငါမသောက်တာကြာပါပြီကွာ "
" မသောက်ပေလို့ပဲ နံစော်နေတာပဲ ။ ငစိုင်း သေရည်နော် မအိုဆေးတဲ့ဘုန်းကြီးတွေဟောတာ မကြားဘူးလား "
" အိမ်ကမိန်းမကတစ်မျိုး မင်းကတစ်မျိုး ပြသနာပဲ "
" ကိုဆက်ရော "
" စေ့စပ်မှလာတော့မယ်တဲ့။ သူ့သားနေမကောင်းလို့ "
" ဪ အေးပါ "
စိုင်းခန့်လဲရောက်လာပြီမို့ ၂ယောက်သားတူတူပြင်ဆင်ရင်း ခုံနေရာကအစသေချာလိုက်စစ်လိုက်တော့သည်။ မိသားစုနဲနဲနဲ့ အသိသက်သေလောက်ပဲခေါ်ကာ စေ့စပ်ကြောင်းလမ်းမို့ ခန်းမသိပ်အကျယ်ကြီးလဲမဟုတ်ပေ။ နဂိုထဲကအေးဆေးသမားမို့ အပြင်အဆင်ကအစ အဖြူလွင်လွင်လေးတွေသာ ပြင်ထားတော့သည်။ ငစိုင်းလဲအင်ဂျင်နီယာပဲမို့ တော်ရုံကိစ္စသူ့ကိုအပ်ထားကာ မိုမို့ကိုဖုန်းခေါ်ဖို့ အပြင်ထွက်လာခဲ့တော့သည်။
အင်္ကျီသွားဝတ်တာအဆင်ပြေရဲ့လားတော့မသိ ဝိတ်ချမယ်တကဲကဲက ဝိတ်မကျလို့ဆိုပြီးငိုယိုနေတာမို့ စိတ်တော့မချမ်းသာရပေ။ ဖုန်းဝင်သွားပေမဲ့အတော်ကြာမှ ဖုန်းကိုင်ပြီး ဟယ်လိုဆိုတာက သိပ်ချိုသာနေတာတော့မဟုတ်ပေ
YOU ARE READING
အချစ်သည် ထာဝရအတွက် ဖြစ်တည်ခဲ့လျင်
RomanceUnicode and Zaw Gyi❗️ Start date - Oct 18 2021 အတိတ်က ဒဏ်ရာတစ်ချို့ကြောင့် အဝေးမှာ နေခဲ့ပေမဲ့ မလွန်ဆန်နိုင်တဲ့ အချစ်တွေ ရစ်ပတ်လာချိန်မှာတော့ ..... ဘယ်လိုရှေ့ဆက်မလဲ ဘာတွေဆက်ဖြစ်လာမှာလဲ။ အတိတ်က ဒဏ်ရာတစ်ချို့ကြောင့် အဝေးမှာ နေခဲ့ပေမဲ့ မလွန်ဆန်နိုင်...