Part - 15🌻

17.5K 465 20
                                    


🌻

* သိပ်ချစ်တတ်တဲ့ ကိုကိုမို့လေ ဒီလိုဆိုးမိတာပါ ×××× သဘောကောင်းလွန်းတဲ့ ကိုကိုမို့လေ ဒီလိုနွဲ့လိုက်မိတာ ×××× "

ဝင်းယမှုံခေတ်အိမ်ရှေ့မှာ အမေကြမ်းတိုက်ခိုင်းတာမို့ အပီအပြင်ကြမ်းတိုက်ကာ သီချင်းကိုအော်ဆိုနေလိုက်တော့သည် ။ ရှည်လာပြီဖြစ်တဲ့ဆံပင် ကျောလည်လောက်ကို အပေါ်တစ်ဝက်ကဂုတ်ဝဲနဲ့ တစ်ဝက်အရှည် ညှပ်ထားသည်မို့ မမှီမကမ်းတွေကိုပါ ကလစ်နဲ့စုညပ်ထားလိုက်တော့သည်။ အနည်းငယ်ပိန်လာပေမဲ့ အင်္ကျီအပွကြီးနဲ့ ချည်ဘောင်းဘီအပွကြီးကိုဝတ်ထားတာမို့ ကထိန်လှည့်တဲ့ ဖိုးဝရုပ်နဲ့တူနေတော့သည်။

လေးဘက်ကုန်းပြီး ခုံအောက်ကိုရေစိုဝတ်တဲ့ လှမ်းတိုက်နေတာမို့ ဖင်လုံးလုံးလေးကသီချင်းနဲ့အညီ သံစဉ်လိုက်ကာ လှုပ်နေတော့သည်။ နေရောင်အိမ်ထဲဝင်ဝင်ချင်း မြင်ကွင်းကြောင့် ချီထားတဲ့ သူ့တူလေးယံယံက နေရောင့်ကိုလက်သေးသေးတွေနဲ့ မျက်လုံးကိုအုပ်ပေးတော့သည်။

* ဖြန်း *

" အားးး ဘယ်သူရိုက်တာလဲ "

* ဒုတ် "

" အာ့ဝူး သေပါပြီ "

ဖင်ကိုအရိုက်ခံရတဲ့အပြင် ခုံနဲ့ခေါင်းပါ မိတ်ဆက်တာမို့ ကြမ်းပြင်မှာပုံ့ပုံ့ကြီးထိုင်ကာ ခေါင်းကိုပွတ်နေလိုက်တော့သည်။ ခြေထောက်ဖွေးဖွေးလေးတွေမှာ အမွှေးရေးရေးလေးတွေနဲ့ သူ့ရှေ့တည့်တည့်လာရပ်တာမို့ ခေါင်းပွတ်လျက်နဲ့ မော့ကြည့်လိုက်တော့သည်။

ဆံပင်ခပ်ကွေးကွေးတွေက မျက်မှန်ကိုင်းပေါ်ကျနေပြီး အသားဖြူဖြူကြောင့် မျက်နှာပေါ်က အကြောစိမ်းတွေပါတွေ့နေရသည်။ ဒါဟာယမှုံ အချိန်တိုင်းမေ့ပစ်ခဲ့သည့်....... ကိုကိုသာဖြစ်တော့သည် ။

" ကို.... ကိုကြီး "

ကိုကိုလို့ခေါ်မလို့ လုပ်ပြီးမှအရှိန်ထိန်းကာ အခေါ်အဝေါ်ပြောင်းလိုက်တာကြောင့် ကိုကို့မျက်ခုံးက လှပစွာတွန့်ချိုးသွားတာ ယမှုံမြင်လိုက်ရပါသည်။ ယံယံကသူ့လက်ပေါ်ကနေ ကုပ်ဆင်းလာပြီး

" တီလေး ဖင်ကိုတီမော်ရိုက်တာသိလား တီလေး "

" အင်းအင်း ကိုကြီးကိုဧည့်ခံထားနော် တီလေးမုန့်သွားယူမလို့ "

အချစ်သည် ထာဝရအတွက် ဖြစ်တည်ခဲ့လျင်Tempat cerita menjadi hidup. Temukan sekarang