Part - 2

488 58 17
                                    

                      "စည်း"

Unicode

ဆုံတွေ့ခဲ့တဲ့ခနတာအချိန်လေးမှာ jeonကို
တသက်တာစွဲမြဲခဲ့တယ်......မဖြစ်နိုင်မှန်းလည်းသိပါတယ် မျှော်လင့်မ‌နေသင့်တာလည်းသိခဲ့ပါတယ် ဒါပေမယ့်...သူ့အကြောင်းလေးတွေးမိတိုင်းမှာ......မာကြောပြီးပြီညို့ယူတတ်တဲ့သူ့မျက်၀န်းလေးကိုတွေးမိတိုင်းမှာ အလိုက်မသိတဲ့ဒီနှုတ်ခမ်းလေးကဘယ်အရာမှတာဆီးမရအောင်အလိုလိုကိုပြုံးတတ်လာတာ....

မစဉ်းစားတတ်တဲ့နှလုံးသားတစ်စုံက
အမှောင်ယံမှာjeonအတွက်သေလောက်အောင်ခုန်နေတာကိုjeonမသိနိုင်ခဲ့ပါဖူး
အဲ့ဒါဟာအချစ်ဆိုရင် အဲ့ဒီ့အချစ်ကအရာအားလုံးထက်ဖြူစင်ပါသေးတယ်

ဖြူစင်တဲ့အချစ်တွေကိုအရောင်မဆိုးချင်တဲ့အတွက်jeonကိုခပ်လှမ်းလှမ်းကပဲငေးကြည့်ရတယ်......jeonတန်ဖိုးထားတဲ့မိန်းခလေးကို
ကျွန်တော်အတတ်နိုင်ဆုံးရှောင်တယ်
ဘာလို့လဲ‌ဆိုတော့"jiကိုထိရင်သတ်မယ်"ဆိုတဲ့အဖြစ်ကို ကျွန်တော်မ‌ရောက်ချင်ဖူး

ကျွန်တော်ဘက်ကလက် မပါရင်တောင်jeonရဲ့jiကကျွန်တော့်ကို‌ jeonအမြင်မှာလူဆိုးပုံစံသွင်းနေတာ
ဒါကြောင့်jiဆိုတဲ့မိန်းမကိုအတတ်နိုင်ဆုံးအဝေးကရှောင်တယ် jeonကိုလည်းအတတ်နိုင်ဆုံးအခပ်ဝေးဝေးကပဲခိုးကြည့်တယ်

ကျောင်းတတ်တာ၁လရှိပြီ အခုတော့ကျောင်းစတုန်းကလိုသိပ်တော့ပြသနာရှာမခံရတော့ဖူး.....အားကစားအချိန်ပါတဲ့နေ့ဆိုရင်ကျွန်တော့်စာကြည့်တိုက်မှာစာမလုပ်တော့ဘဲ အဆောင်ပြန်ပြီးကိုယ့်အခန်းမှာကိုယ်စာလုပ်တယ် ဒါကြောင့်jiဆိုတဲ့မိန်းခလေးနဲ့ထပ်ပြီးပြသနာမဖြစ်တော့ဖူး

"ကဲ အားလုံး ကျောင်းအုပ်ကြီးကခန်းမထဲလာကြတဲ့ "

အတန်းခေါင်းဆောင်က‌ ခန်းမထဲသွားဖို့ပြောတော့ အားလုံးတန်းစီပြီးထွက်သွားကြတယ်
ခန်းမထဲမှာတကျောင်းလုံးကကျောင်းသားတွေရှိတယ်.....ပထမနှစ်တွေကအရှေ့ဆုံးမှာထိုင်ရတာမို့လို့ ခုံမှာမထိုင်ခင်အနောက်ကို
တချက်လှည့်ပြီးကြည့်မိတော့......တည်တည်ငြိမ်ငြိမ်နဲ့ထိုင်နေတဲ့jungkookကိုတွေ့တော့မှစိတ်ဖြောင့်ဖြောင့်နဲ့ခုံမှာထိုင်ချလိုက်သည်

စည်း➡️စည္း [Taekook]Where stories live. Discover now