Season - 1 ( Special - 7 )

46 4 0
                                    

[ Unicode ]

မေမေရေ ...
ကျွန်တော်တို့လာတယ် ....

သား ...
အမလေးသားရယ် ...
သားတို့ကို မျှော်လိုက်ရတာ ...

ဟုတ်ကဲ့ပါမေမေရယ် ...
ဒီမှာ အမေ့ မြေးတွေကို
ရေချိုးနေလို့ကြာသွားတာပါ ...

အေးပါ ...
လာ သားတို့ ... တခါတည်းထမင်းစားသွား

စားပြီးပြီ ...
မေမေရဲ့

အေးပါ ...

ဒီတခါတော့ကြာကြာလေးနေနော် ..

( ၁ ) ပတ်ပဲနေမှာမေမေရဲ့ ...

အေးပါ ... အေးပါ ...

ဒါနဲ့ဖေဖေရော ... နင့်အဖေ လယ်ထဲကပြန်မရောက်သေးဘူး ...

ဟုတ်ကဲ့ ...

* ကျွန်တော်တို့လည်း စကားတွေပြောဆိုပြီ ... အိမ်သာပြန်လာခဲ့တော့တယ် *

* အိမ်ရောက်တော့မှာနေပြီဆိုတော့ ... ကျွန်တော်တို့လည်း TV ကြည့်ပြီး အိပ်ရာဝင်လိုက်တော့တယ် *

[ မိုးလင်းသော် ]

သားရေ ... သားရေ ...
ထတော့ ... အမေတို့ တိုင်ပင်စရာရှိလို့ ...

ဟုတ်ကဲ့ ... မေမေ ...

* ကျွန်တော်နဲ့ကိုကိုလည်း မျက်နှာသစ်ပြီး ..  အောက်ထပ်ကိုဆင်းလာခဲ့တော့တယ် ... *

သားရေ ... အမေတို့ မြေးတွေကိုရှင်ပြုပေးမကောင်းဘူးလား  ... အခုက တန်ခူးလထဲမှာဆိုတော့ ...

ဟုတ်ကဲ့ ... မေမေ ... အမေ့မြေးတွေလည်းရှင်မပြုရသေးဘူးဆိုတော့  ...

အေးအေး ... မေမေ နင့် အဘ တို့အိမ် ရက်သွားမှတ်လိုက်အုန်းမယ် ...

ဟုတ်ကဲ့ ..  မေမေ ...

ပါးပါး ...

ဟော  ...ပြောရင်းနဲ့ ငယ်လေးနိုးလာပြီ  ...

ပါးပါး  .. သားဗိုက်ဆာတယ် ...

စားရမှာပေါ့ သားရဲ့ ... ဒါနဲ့ကိုကိုကော ...

ကိုကိုရယ် ... အိပ်ရာသိမ်း ကျန်ခဲ့တယ် ... ဒါနဲ့ မမရော ...

မမကအခုတင် အိပ်ရာနိုးစားသောက်ပြီး ခြေရင်းအိမ်ကိုသွားပါသတဲ့ဗျာ ... သားလည်းပြီးရင် ကိုကို နဲ့လိုက်သွားလေ ...

ဟုတ်ကဲ့ ... ပါးပါး ...

ကိုကိုရေ ... ကိုကို ...

ဘာလည်း ... Lin ရယ် ကိုယ် နိုးပါပြီ ...

ဟုတ်ကဲ့ ... ကိုကို ဒီမှာထမင်း စားလို့ရပါပြီ ... ဇေယျ ကိုကောခေါ်ခဲ့ ...

အေးပါ ... မိန်းမရာ

ကိုကို ... နော် ... ဘာမိန်းမလည်း

ဟုတ်ပါပြီမနိုင်စိန်လေးရယ် ...

လာ ... သားတို့စားရအောင်

ဟုတ်ကဲ့ ... ပါးပါး

။            ။ လေးလေး

* ကျွန်တော်တို့လည်းမနက်စာစားပြီး ... ခလေးတွေ ခြေရင်းအိမ်က ညီမဖြစ်သူတို့အိမ်သွားလည်ကာ မေမေ လည်းရောက်လာတော့တယ် *

သားရေ .... နေ့ကောင်းနေ့မြက်ရလာပြီ ... ပြီးတော့သား ... အဖေလည်း ... အဲ့နေ့ကြ ... ရန်ကုန် ကပြန်လာခဲ့မယ်တဲ့ ...

ဟုတ်ကဲ့ ... မေမေ  ...
ဘယ်နေ့တွေလည်း ...

တန်ခူးလပြည့်ကျော် ၇ ရက် ၈ ရက်တဲ့

ဟယ် ... မေမေကလည်း ကြားမှာ ၃ ရက်ပဲလိုတော့တာကို ... အေးလေ မနက်ဖြန် နင်တို့တွေစျေးသွားဝယ် ... နောက်နေ့ ချတ်မယ်ပြုတ်မယ်လေ ဖိတ်စာတွေကောစီလေ ... ပြီးရင် နားသ လည်းထည့်မယ်

အမေရယ် ဖြေးဖြေးပြောပါ ... မောနေအုန်းမယ် ရေသောက်အုန်း

မပြောနိုင်ဘူးအေ  ...  ငါ့မြေးတွေကို
ငါမသေခင်ငါရှင်ပြုနားသ ချင်သေးတယ် အေ ... ပြီးတော့ သေသွားတဲ့ကလေးအတွက်ပါရေစက်ချရင်းပေါ့ ..

*အဲ့လိုပြောတော့ ... Lin မျက်နှာလေးညိုးသွားသည် ... မေမေကလည်းစကားလမ်းကြောင်းလွဲတော့သည် *

ကဲကဲ ... နင့်ညီမသမီးရယ် ချစ်လေး တို့ သားရယ် ဒီကလေးရယ် ပါမှာလားလို့ သူ့အမေတွေ အဖေတွေမေးအုန်း

ဟုတ်ကဲ့ ... မေမေ

* ကျွန်တော်တို့ကတော့ မနက်မတွက်စျေးဝယ်ရန်စရင်းရေးရတော့သည် *

* အပိုင်း ( ၈ ) * သို့ ...

Special ပြီးခါနီပြီ ၃ ပိုင်းပဲလိုတော့ပါတယ် ....

[ 2022 / 1 / 11 ] [ အဂါ်  ]

👬 Crush ... Season - 1 👬 ( Complete )Where stories live. Discover now