𝗨𝗻𝗶𝗰𝗼𝗱𝗲
"မင်းသမီးလေး Sanyoo တို့ နန်းတော်ဆီပြန်ရအောင်ပါ ဒီနေ့တစ်ဖက်တိုင်းပြည်ကလာမှာလေ သိတယ်မလား"
"ဪဪ ဟိုအခြောက်...အယ်ဟုတ်ပါဝူး ဟိုအိမ်ရှေ့စံမင်းသား"
"ဟုတ်တယ်ဟုတ်တယ် အဲ့တာညီလာခံမှာမင်းသမီးလေးလည်းရှိနေရမယ်လေ"
"ရှိနေချင်ပေမယ့်လည်း အစ်မတော်တို့မိဖုရားကြီးတို့ကလက်ခံပါ့မလား တော်ကြာ တိုင်းတစ်ပါးကလာတာကို မင်္ဂလာမရှိ ညီလာခံလာရဲသေးတယ်ဖြစ်နေမှာစိုးလို့"
"ဟာ မင်းသမီးလေးကလည်း ဘုရင်ကြီးကိုယ်တိုင်မင်းသမီးလေးကိုလာဖို့အမှာတော်ပါးလိုက်တာ"
"ဟုတ်လား ဒါဆိုရင်တော့လာခဲ့မယ်"
Ynလည်းနန်းဆောင်ဆီပြန်ရေမိုးချိုးအဝတ်လဲကာ ညီလာခံခန်းမဘက်လာခဲ့တယ် လမ်းမှာ...
"ဟာ Sanyoo ခနနော် ဟိုကြောင်လေးချစ်စရာလေး သွားကိုင်ဦးမယ်"
"ဟုတ်ကဲ့ မင်းသမီး"
Ynလည်းကြောင်လေးကိုချီဖို့လုပ်ပေမယ့် ကြောင်လေးကတံတိုင်းကနေတစ်ဖက် ခုန်ဆင်းဖို့လုပ်နေတော့ Ynကအမီဖမ်းလိုက်တယ် သို့သော် တံတိုင်းကိုလွန်၍ ပြုတ်ကျခါနီး အနောက်ကနေခါးမှလှမ်းဆွဲဖက်လိုက်တဲ့တစ်စုံတစ်ယောက်
"မင်းသမီးလေး မင်းသမီးလေး တော်ပါသေးရဲ့ရှင် မင်းသမီးလေးတစ်ခုခုဖြစ်ရင် Sanyooခေါင်းဖြတ်ခံရမှာ"
"အဟမ်း ဟမ်း ကျေး...ကျေးဇူးတင်ပါတယ် ဒီကလူ"
"ဒီကလူ?? နင်က မင်းသမီးလား?"
"ဟုတ်ပါတယ် မင်းသမီး Gyo Y/Nပါ"
"ငါနင့်နာမည်တော့ကြားဖူးဘူး"
Ynမျက်နှာလေးငြှိုးသွားကာ
"အင်းပါ ဘယ်လိုလုပ်ကြားဖူးမှာလဲ ကျွန်မကအပယ်ခံသပ်သပ်ပဲကို"
ပြောကာဆိုကာထွက်သွားတဲ့ Yn ကြောင့် ထိုလူတားချိန်တောင်မရလိုက်ပေ Sanyooလည်းမင်းသမီးလေးနောက် သွက်သွက်ကလေးလိုက်သွားသည်
"ဪ သူလေးကလည်း...ဒီကကိုယ်တော်ကကိုယ့်ဘာသာမိတ်ဆက်မို့ဟာကို"
YOU ARE READING
𝖬𝗎𝗀𝗎𝗇𝗀𝗁𝗐𝖺•무궁화🌺
Fanfiction무궁화-ခေါင်ရမ်းပန်း-Hibiscus Yn : အရှင့်ကိုချစ်မိနေတာကြာပြီ~~~ Taehyung : ချစ်စရာကောင်းတဲ့ကောင်မလေးရေ မင်းကငါကိုယ်တော်ရဲ့နှလုံးသားကိုပထမဆုံး နှစ်ဆယ့်ခုနစ်နှစ်အတွင်း ပထမဆုံးလှုပ်ခတ်အောင်လုပ်နိုင်သူပဲ Jungkook POV *ငါနင့်ကိုတွေ့တွေ့ချင်းထဲကချစ်မိတာ ကြာတ...