𝗨𝗻𝗶𝗰𝗼𝗱𝗲
Ynလက်ကိုဆွဲကာ တစ်ဖန် ဂူတစ်ခုထဲဝင်သွားတယ် ကျဉ်းကလည်းကျဉ်းတော့ဟိုးအတွင်းပိုင်းမှာနှစ်ယောက်သား ကျပ်ညပ်ပြီးတော့...
သို့သော် ဂူအပေါ်အပေါက်ကနေကျနေတဲ့အလင်းတန်းလေးတေ Ynမျက်နှာလေးပေါ်ဆိုတော့ Ynမျက်နှာလှလှလေးကိုအရှင်းလင်းမြင်နေရတယ်
"ဟူးးးတကယ်ကြီးကျွန်မကြောင့်ပါ ခမည်းတော်ကိုပြန်မတိုင်ပါနဲ့နော်"
"မရဘူးလေ တစ်ခုခုပေးမှရမယ်"
"ဟုတ်ကဲ့ ဘာပေးရမလဲ"
"ဒီနှုတ်ခမ်းအနာသက်သာအောင်လုပ်ပေး"
"ဟုတ် လုပ်ပေးပါ့မယ် အိမ်ပြန်ရောက်ရင် ဆေးထည့်ပေးမယ်နော်"
"မလိုချင်ဘူး အခုအနာသက်သာချင်တာ အခုသွေးတွေထွက်ပြီးနာနေတယ်"
"ဟမ်...အဲ့တာတော့Ynလည်းမလုပ်ပေးတတ်ဘူးလေ"
"ဘယ်လိုဘယ်လို Yn လို့သုံးနှုန်းပြီးပြောလိုက်တာလား"
Ynခုနကသူအဲ့လိုပြောမိတာသတိထားမိသွားတော့နည်းနည်းရှက်သွားတယ်
Jungkookကလည်းYnရှက်တာလေးကိုအသဲယားကာခုနကပြေးထားလို့ ဖရိုဖရဲဖြစ်နေတဲ့ကျစ်ဆံမြီးလေးကိုဖြည်ချကာ ဆံပင်လေးသပ်ပေးနေတယ်
"မော့ပါဦးကွာ"
"ရှင်...ရှင်???"
Ynမျက်နှာလေးမော့လာတော့
Jungkookဘယ်လိုမှမထိန်းနိုင်တော့
"အခုချက်ချင်း ဒီသွေးထွက်တိတ်စေပြီး အနာသက်သာစေတဲ့နည်းသိသွားပြီ"
"ဟုတ်လား ဘယ်လို...အု..."
Ynနှုတ်ခမ်းဖူးဖူးလေးကိုဖိကပ်ပြီး အားရပါးရနမ်းနေတဲ့Jungkook
Ynခမျာတစ်ခါမှမနမ်းဖူးတော့လန့်ပြီး Jungkookရင်ဘတ်ကိုထုရိုက်နေတယ်
သို့သော်လက်သေးသေးလေးတေနဲ့ထုရိုက်မှုကဘယ်လိုမှအရာမထင် ထို့အပြင်Jungkook Ynလက်ခလေးတေကိုနံရံမှာပါသူ့လက်ကြီးနှင့်ချုပ်ထားလိုက်သေးသည်
အခုတစ်ဖန်ထပ်ဝင်လာတာကသူ့လျှာ Yn ကပါးစပ်ကိုလုံးဝပိတ်ထားသည် Jungkookကိုက်ချလိုက်တော့မှ ပါးစပ်လေးဟသွားသည်
YOU ARE READING
𝖬𝗎𝗀𝗎𝗇𝗀𝗁𝗐𝖺•무궁화🌺
Fiksi Penggemar무궁화-ခေါင်ရမ်းပန်း-Hibiscus Yn : အရှင့်ကိုချစ်မိနေတာကြာပြီ~~~ Taehyung : ချစ်စရာကောင်းတဲ့ကောင်မလေးရေ မင်းကငါကိုယ်တော်ရဲ့နှလုံးသားကိုပထမဆုံး နှစ်ဆယ့်ခုနစ်နှစ်အတွင်း ပထမဆုံးလှုပ်ခတ်အောင်လုပ်နိုင်သူပဲ Jungkook POV *ငါနင့်ကိုတွေ့တွေ့ချင်းထဲကချစ်မိတာ ကြာတ...