Arc 1 《3》

425 94 17
                                    

စိတ္တဇလူသတ်သမားကို ကယ်တင်ခြင်း
__________________________

‘အိမ်စာ’ ဆိုတဲ့ စကားလုံးကို သူကြားလိုက်တဲ့ အခိုက်အတန့်မှာပဲ ကျိုးလိုင် သူ့ရှေ့မှာရှိတဲ့ မူလက အားကိုးစိတ်ချရပြီး နူးညံ့သိမ်မွေ့တဲ့ ဆရာက ချက်ချင်းကြီး ဆရာတစ်ယောက်ရဲ့ နည်းပေးလမ်းပြမှုကို ဝှေ့ယမ်းပြနေတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်လာသလို ခံစားလိုက်ရတယ်။ သူ့မျက်နှာက သဘာဝမကျစွာ ရှုံ့မဲ့လာတယ်။ သူက လုဘန်းဘန်ရဲ့အဖွဲ့က‌ သူတွေကို တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့*နောက်ကျောကနေအိတ်စွပ်ပေးဖို့ ကြံစည်နေခဲ့တာလေ။ အိမ်စာရေးဖို့ သူဘယ်လိုအချိန်ရနိုင်မှာလဲ?

¶ နောက်ကျောကနေအိတ်စွပ်ခြင်း : ပိပိရိရိရိုက်နှက်ခြင်း (ရိုက်တဲ့သူကို မမှတ်မိအောင် အိတ်စွပ်ပြီး ရိုက်တာဖြစ်မယ်) ¶

ဒါ့အပြင် သူ့ဆရာရဲ့ ဦးနှောက်က ရိုက်ခံရလို့ တုံးအသွားတာလား? 6 တန်း အခန်း 8 ကကျောင်းသားတွေက ဘယ်တုန်းက အိမ်စာ ရေးဖူးလို့လဲ? ဒီအတန်းရဲ့ ကျောင်းသားတွေက လုဘန်းဘန်ရဲ့ ဦးဆောင်မှုနောက်လိုက်ကြတယ်။ နေ့တိုင်း လူတိုင်းက တက်ဘလက်ကိုင်ပြီး ဂိမ်းဆော့ရင်း တစ်အုပ်စုလုံး တိုးဝှေ့ပူးကပ်ကြတယ်။ ဘာသာရပ်ဆိုင်ရာမော်နီတာနှင့် အတန်းခေါင်းဆောင်ကလွဲရင် အခြားကျောင်းသားတွေက ဒီနေရာကို ကစားဖို့ရောက်လာကြခြင်းပင်။ ဒီလိုအခြေအနေအောက်မှာ ဆရာရမ်က ဒီကနေ့ သူအိမ်စာ ရေးမရေး တကယ်ကြီး မေးတယ်?

ကျိုးလိုင်ရဲ့ အမူအရာက အလွန်ထူးဆန်းလာတယ်။ သူ ဘာပြန်ပြောရမှန်း လုံးဝမသိတော့ဘူး။ သူ့မျက်နှာကို လေ့လာနေတဲ့ ဆန့်ကျင်ဘက်မှာ ရပ်နေတဲ့ ဆရာရမ်ဆီကနေ ဟီး,ဟီးဆိုတဲ့ အေးစက်စက်ရယ်သံ ထွက်လာတယ်။ သူမျှော်လင့်ထားပြီးသားဖြစ်ပေမဲ့ သူ့ရှေ့မှာ မျက်နှာပြောင်တိုက်ပြီး အိမ်စာမရေးထားဘူးပဲ။ ဒီအတန်းထဲက စိတ္တဇလူသတ်သမားအလောင်းအလျာက ဘယ်သူပဲဖြစ်ဖြစ်၊ သူတို့အားလုံးကို အမိန့်နာခံအောင်လုပ်ဖို့ လိုအပ်တယ်။

ဒါကြောင့် ရမ်ကျူး ကျိုးလိုင်ရဲ့ ခေါင်းကို တစ်ကြိမ်ထပ်ပွတ်လိုက်ပြီး အလွန်သိမ်မွေ့စစ်မှန်တဲ့လေသံနဲ့ပြောလိုက်တည် “ညစာစားဖို့ ဆယ်ဒေါ်လာပေးမယ်၊ ပြီးရင် အိမ်ပြန်ပြီး အိမ်စာသွားရေးတော့၊ လိမ္မာတဲ့ကောင်လေး”

အတန်းပိုင်ဆရာစနစ်Where stories live. Discover now