Part_9🧡

16.2K 1K 85
                                    

Unicode

ကမ္ဘာ တိမ်လွှာ့ကိုတွဲပြီးကားငှားကာအိမ်ကိုပြန်လာခဲ့ရတော့တာ၏။ကမ္ဘာလည်းတစ်ခါမှအရက်မသောက်ဘူးပဲ သောက်တော့လူကယိုင်ထိုးနေ၏။အိမ်ထဲကိုယိုင်တိယိုင်တိုင်နဲ့၀င်လာတဲ့ကောင်လေးနှစ်ယောက်ကိုအိမ်အကူတွေဘာမှပြန်မပြောရဲချေ။ကမ္ဘာကတော့စကားပြောလို့ကောင်းပေမဲ့ဘတိမ်လွှာကအမြဲအထက်စီးကပေ။

"သားလေးတို့ဘာဖြစ်လာတာလဲ"
ဒေါ်ပြုံးမေးလိုက်တော့ကမ္ဘာလက်လေးတစ်ချက်ခါပြလိုက်ရင်း...

"ရတယ်ကြီးကြီးပြုံး...သားတို့ဘာမှမဖြစ်ဘူးပင်ပန်းလာလို့...အနားယူတော့မယ်"

"အေးပါကွယ်"
ဒေါ်ပြုံးကိုပြောပြီးကမ္ဘာတစ်ယောက်တိမ်လွှာ့ကိုတွဲကာအိမ်ပေါ်ထပ်သို့တက်လာခဲ့၏။အိမ်ပေါ်ရောက်တော့အခန်းလေးထဲ၀င်ကာကုတင်ပေါ်မှာအရက်မူးသမားလေးကိုအသာအယာချပေး၍။

"သိပ်လှတာပဲ...ယောကျာ်းလေးဖြစ်တာတောင်လမင်းကသိပ်ကိုလှရက်နိုင်လွန်းတယ်တိမ်လွှာ..."
တိမ်လွှာ့ပါးမို့မို့လေးကိုကမ္ဘာငုံ့ပြီးနူးညံ့တဲ့အနမ်းလေးတစ်ပွင့်ပေးလိုက်သည်။အနမ်းပေးပြီးပြန်ထဖို့ပြင်နေတဲ့ကမ္ဘာ့ရဲ့ပုခုံးနှစ်ဖက်ကိုတိမ်လွှာသိုင်းဖက်လိုက်တော့ကမ္ဘာပြန်ထလို့တောင်မရတော့ချေ

"ကမ္ဘာ..."

"အင်း ပြောလေ"
မျက်နှာချင်းဆိုင်အနေအထားကအရမ်းနီးကပ်လွန်းတော့ တစ်ယောက်အသံရှုသံကိုတစ်ယောက်ကအတိုင်းသားကြားနေရ၏။ရင်ခုန်သံတွေကလည်းတဒုန်းဒုန်း။ဒီချိန်မှာဘယ်လိုလူမျိုးကရင်မခုန်ပဲနေနိုင်မှာလဲ။အချစ်ရဆုံးသူလေးရဲ့ဖက်တွယ်ခြင်းကိုခံရတဲ့အပြင် မျက်နှာလေးကိုသေချာငေးကြည့်လို့ရတဲ့အနေအထားမျိုးလေး။

"ငါ့ကိုချစ်လားဟင်"

"အင်း...ချစ်တာမှသိပ်ချစ်တာ"

"ဒါဆို...ငါ့ခန္ဓာကိုယ်ကို...ဘာလို့မယူတာလဲ"
ပုခုံးလေးနှစ်ဖက်ကိုသိုင်းဖက်ရင်း နှုတ်ခမ်းလေးထော်ကာ မျက်လုံးလေးပေကလပ်ပေကလပ်လုပ်ပြလာတဲ့နီတာရဲလေး။ချစ်ဖို့ကောင်းလွန်းလို့အာခံတွင်းထဲတောင်ငုံထားချင်စရာ။

ရင်နှင့်အမျှချစ်ခဲ့ရပါသော...{Completed}Where stories live. Discover now