Part_14🧡

17.2K 923 35
                                    

Unicode

ကမ္ဘာနဲ့တိမ်လွှာနောက်နေ့ကျောင်းသွားတော့မင်းထက်သွင်ကအရင်လိုပဲပြုံးပြုံးရွှင်ရွှင်လေးနဲ့တိမ်လွှာ့ကိုကြိုဆိုနေ၏။ဒါပေမဲ့ အရင်လိုတိမ်လွှာ့ကိုလက်ကိုင်တာတို့နမ်းတာတို့မလုပ်တော့တာကြောင့်ကမ္ဘာ့အတွက်စိတ်သက်ရာရနေ၏။တိမ်လွှာနဲ့မင်းထက်သွင်လမ်းခွဲလိုက်တာကိုကမ္ဘာအခုထိမသိသေးချေ။တိမ်လွှာကိုယ်တ်ိုင်ကလည်းမပြောပြသလိုကမ္ဘာကလည်းမမေးဘူးပေ။အဲ့တော့အခုထိမ်လွှာနဲ့မင်းထက်သွင်တွဲနေတယ်လို့ပဲကမ္ဘာထင်ထားတာ။

"ကမ္ဘာ..."
မုန့်စားနေရင်းတိမ်လွှာ့ခေါ်သံလေးကြောင့်ကမ္ဘာမော့ကြည့်လိုက်၏။

"ကျစ်! စောက်ကောင်အတော်ညစ်ပတ်တာပဲ"
ကမ္ဘာ့ပါးစပ်မှာပေကျန်နေတဲ့မုန့်တွေကိုတိမ်လွှာတစ်ရှူးနဲ့သုတ်ပေးလိုက်တော့ ကမ္ဘာပါးစပ်လေးအဟောင်းသားဖြစ်ပြီး ငြိမ်သက်သွား၏။

"ဘာဖြစ်နေတာလဲ"

"ဘာ...ဘာမှမဖြစ်ပါဘူး...အား...ပူ...ပူလိုက်တာ"
ကမ္ဘာရှက်ကိုးရှက်ကန်းနဲ့ရေနွေးပူတွေကိုသတ်ိမထားပဲမော့သောက်မိပြီး ထအော်တော့သည်။

"ဟာ! ဘာဖြစ်နေတာလဲ ပူနေတာကိုနားမလည်ဘူးလား!"

"ဟို...အမှတ်တမဲ့မို့လို့ပါ"
သူတို့နှစ်ယောက်ကိုကြည့်ပြီးမင်းထက်သွင်ကတော့ခေါင်းလေးတရမ်းရမ်းနဲ့ပြုံးနေရှာ၏။

တိမ်လွှာ့ဘ၀မှာပထမဆုံးစိတ်ပူဘူးတာဆိုလို့ရှိုင်းဆက်ကမ္ဘာရှိသေးတာ။

"အသုံးကိုမကျဘူး အရမ်းပူသွားလား"

"သိပ်မပူပါဘူး"

"အေး နောက်တစ်ခါရေနွခေရားနဲ့မင်းပါးစပ်ထဲငါကိုယ်တိုင်လောင်းချမှာနမော်နီနမော်မဲ့နဲ့"

"အင်းပါ...ဒါနဲ့ဘာပြောဖို့လဲ"

"ငါမင်းကိုမနေ့ကပြောထားတာမှတ်မိလား"

"အင်း"
ကမ္ဘာခေါင်းလေးတစ်ချက်ငြှိမ့်ရင်းဖြေလိုက်၏။ခြူးခြူးနိုနဲ့မပတ်သက်ရဘူးတဲ့လေ။ခြူးခြူးနိုကငယ်ငယ်ထဲကပေါင်းလာတဲ့ငယ်သူငယ်ချင်းဆိုတော့ အခုလိုချက်ချင်းကြီးမပတ်သက်ဖို့ကြကမ္ဘာ့အတွက်ခက်ခဲနေမိတာအမှန်ပေ။

ရင်နှင့်အမျှချစ်ခဲ့ရပါသော...{Completed}حيث تعيش القصص. اكتشف الآن