Part : 1

740 73 12
                                    

*Unicode*

ညနေလေအေးကြောင့် လွင့်မြောသွားသော အဖြူရောင်လိုက်ကာစရဲ့နောက် ခုံပေါ်တွင် ခံစားချက်မဲ့လျက်ထိုင်နေသော ဖြူလွလွပုံရိပ်ငယ်။

အရောင်ကင်းမဲ့ပြီး ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့သော နှုတ်ခမ်းတစ်စုံက ခပ်တင်းတင်းစေ့ထားပြီး ခံစားချက်တစ်စုံတစ်ရာပင် ရှိမနေခဲ့သည့်မျက်ဝန်းတစ်စုံက လွင့်မြောနေသည့်လိုက်ကာစကို အကြောင်းမဲ့ငေးမောနေခဲ့သည်။

နီရဲဖောင်းမို့နေပါသောမျက်ဝန်းများထံမှ အဆက်မပြတ်ကျဆင်းနေခဲ့သောမျက်ရည်တွေကို ပုံရိပ်ငယ်လေးကိုယ်တိုင်ကလည်း သုတ်ဖယ်ခြင်းမရှိခဲ့သလို သုတ်ပေးမည့်လက်တစ်စုံဆိုတာလည်း ကင်းမဲ့နေပါသည်။

တိတ်ဆိတ်နေပါသောအခန်းထဲ ဖုန်းသံတစ်ခုက ကျယ်လောင်စွာမြည်လာသည့်တိုင် အကြည့်တစ်ချက်သာစွန့်ကြဲပြီး ကိုင်ယူခြင်းမရှိခဲ့။

ကျသွားလိုက်ပြန်မြည်လာလိုက်ဖြစ်နေသော ဖုန်းသံဟာ ထိုပုံရိပ်ငယ်အားလှုံ့ဆော်နိုင်စွမ်းရှိမနေခဲ့ပေ။

"ဘာမှမရှိဘူး အကုန်ဗလာတွေပဲ အကုန်ဗလာတွေပဲ"

အချိန်ဘယ်လောက်ကြာအောင် ထိုင်နေခဲ့မိမှန်းမသိပေမဲ့ ပြန်ထလိုက်ချိန်မှာ သူ့ခြေထောက်တွေက ထုံကျင်နေခဲ့ပြီး သူ့ကိုယ်ကိုပါမထိန်းနိုင်တော့။

ယိမ်းထိုးသွားသောကိုယ်လုံးအား ခုံကိုလှမ်းကိုင်ပြီး ပြန်ထိန်းကာ အဆက်မပြတ်မြည်နေဆဲဖြစ်သည့်ဖုန်းဆီလျှောက်သွားလိုက်သည်။

ဖုန်းကိုကောက်ယူလိုက်သည့်တိုင် မျှော်လင့်ထားသူဆီကမဟုတ်တာကြောင့် AnswerအစားDeclineကိုသာ နှိပ်ချလိုက်သည်။

ကုတင်ဘေးစားပွဲအံ့ဆွဲထဲက အသင့်ပြင်ထားသောပစ္စည်းကို ထုတ်ယူလိုက်ပြီး လက်ကဖုန်းနံပါတ်တစ်ခုကို ဆက်သွယ်လိုက်သည်။

နားနားကပ်ထားသောဖုန်းဆီက တဒူဒူမြည်သံကိုနားထောင်ရင်းက နှုတ်ခမ်းကိုဖိကိုက်မိလိုက်တာ အကျင့်တစ်ခုလို။

မကိုင်ရင် ဆိုတဲ့အတွေးတွေက သူ့ကိုနှိပ်စက်လာချိန် တဒူဒူမြည်သံကပင် သူ့အတွက်အိပ်မက်ဆိုးလို ခြောက်ခြားစေလာတာ။

When Mistakes Become RightsWhere stories live. Discover now