*Unicode*
"10ရက်နေ့ညကသေဆုံးသွားတဲ့Victim လီဂျယ်မင်းက သတ်သေတာမဟုတ်ပါဘူး အသတ်ခံရတာပါ"
ကြားလိုက်ရသောစကားတွေကြောင့် အသိစိတ်မကပ်တော့တဲ့ဂျဲနိုက အိမ်ကိုဘယ်လိုပြန်ရောက်လာခဲ့မှန်း သူကိုယ်တိုင်ပင်မသိတော့ပါ။
ခြောက်ကပ်နေပြီဖြစ်သော သွေးတို့စွန်းထင်းနေသည့်ကုတင်ပေါ် လှဲချပြီးနောက်မှာ အသံထွက်ကာပင် စိတ်လွတ်ကိုယ်လွတ်ငိုချလိုက်မိသည်။
"ခန့်မှန်းချေအရ လီဂျယ်မင်းက ည10ကနေ 12ကြားသေဆုံးခဲ့တာဖြစ်ပြီး သေဆုံးရတဲ့အဓိကအကြောင်းအရင်းက ဝမ်းဗိုက်ကဓားဒဏ်ရာကြောင့် သွေးထွက်လွန်သွားခဲ့တာပါ...10နာရီလောက်မှာ ဒီကလီဂျဲနိုနဲ့ ဖုန်းပြောခဲ့သေးတယ်ဆိုတော့ ဖုန်းပြောပြီးနောက်ပိုင်းမှာ အသတ်ခံရတာလို့ ကျွန်တော်တို့ဘက်ကယူဆတယ်"
ထိုစကားတွေကိုစပြောလာကတည်းက ဂယောင်ခြောက်ခြားစိတ်တွေကြောင့် ပေါင်ပေါ်တင်ထားသည့် ဂျဲနိုလက်တွေက တုန်ယင်နေတော့သည်။
"ဂျယ်မင်းက..ကျွန်တော့်ဂျယ်မင်းကအသတ်ခံရတာ"
"ဟုတ်ပါတယ် လီဂျဲနိုဘက်က စိတ်ခံစားချက်တွေကြောင့် Victimသတ်သေတယ်လို့ထင်နေပေမဲ့ အသတ်ခံရတာပါ ဓားမှာလည်းလက်ဗွေက Victimရဲ့လက်ဗွေတွေပဲ အဖြေထွက်နေတဲ့အပြင် ခင်ဗျားတို့ကြားကအိမ်ထောင်ရေးကလည်း အဆင်မပြေဖြစ်နေတယ်ဆိုတော့ ခင်ဗျားကသတ်သေတယ်ပဲတွေးမိမှာပေါ့..
ဒါမဲ့တိုက်တိုက်ဆိုင်ဆိုင် ခင်ဗျားတို့အိမ်ကCCTVတွေအပြင် ခင်ဗျားတို့အိမ်ပတ်ဝန်းကျင်ကCCTVတစ်ချို့ကလည်း ည10ကစပြီးပြတ်တောက်သွားတယ် အင်း..ဒါကချို့ယွင်းတာလို့ သတ်မှတ်လို့ရလို့ထားပါတော့..
ခင်ဗျားပြောပြတဲ့အချက်တွေကြောင့် Victimကညာသန်ဆိုတာ ကျွန်တော်တို့သိရပြီ ညာသန်တဲ့လူတစ်ယောက်က ကိုယ့်ဗိုက်ကိုဓားနဲ့ပြန်ထိုးမယ်ပဲထား အဲ့လိုဆိုဓားဒဏ်ရာက ဝမ်းဗိုက်အလယ် ဒါမှမဟုတ်ရင် ဘယ်ဘက်အခြမ်းမှာ ရှိကိုရှိနေလိမ့်မယ် ကျွန်တော့်စကားအပေါ် ညာဘက်မှာမရှိနိုင်ဘူးလားလို့ မေးခွန်းပြန်ထုတ်လို့ရတယ် မရှိနိုင်တာမဟုတ်ဘူး ရှိနိုင်တယ်..ဒါမဲ့သတ်သေမဲ့လူတစ်ယောက်အနေနဲ့ ဘာကိုမှမစဥ်းစားဘဲ ဓားကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး အားနဲ့ကိုယ့်ဗိုက်ကိုယ်ထိုးရင် ဖြစ်နိုင်ချေအများဆုံးက ဝမ်းဗိုက်အလယ်ပဲ..
YOU ARE READING
When Mistakes Become Rights
FanfictionUni & Zawgyi မှောင်မိုက်ခြင်းက အလင်းရောင်ဆီ အမှားတွေက အမှန်ဆီသို့ခရီးနှင် နောင်တတရားကိုထွေးပိုက်ထားတဲ့ကိုယ့်ရဲ့ဘေး အကြင်သူ..မင်းကရှိနေပါ့မလား။ 《 Start Date : 11 January 2022