These two Kids!!!

930 191 42
                                    

12.01.2022

Unicode

After you read this episode,Can you please give me vote?

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

After you read this episode,
Can you please give me vote?

" ဒါဆို ကလေးတွေကောင်းကောင်းပြန်ကြနော် "

Seokjin ပြန်သွားတဲ့ JongSeong နဲ့ Jungwonအား အိမ်အပြင်ထိလိုက်ပို့ကာ အထဲသို့ပြန်ဝင်လာတော့ စာအုပ်တွေသိမ်းနေတဲ့ Sunooကို Sunghoon ဘာမှမပြောဘဲ ထိုင်ငေးနေပုံအရ ဒီကလေးနှစ်ယောက် စိတ်ဆိုးထားကြတယ်ဆိုတာကို အတပ်သိလိုက်ရသည်

" Sunghoon ညစာစားသွားလေ "

" ဟုတ်ကဲ့ ဦးလေး "

" Sunoo ကို ဟင်းတွေနွှေးဖို့ကူညီပေးလိုက်ဦး Sunghoon ငါလုပ်စရာရှိသေးလို့ "

သူ့အပူနဲ့သူဖြစ်နေတဲ့ Sunoo ကြောင့် Seokjin အခန်းထဲဝင်လာတော့ သူ့ခေါင်းအုံးပေါ်တွင် မျက်နှာအပ်ကာ ဝမ်းလျားမှောက်နေတဲ့ Jungkook သည်အိပ်ပျော်နေဟန်..

ကျောပြင်ကျယ်ကျယ်ကကြွက်သားတွေနှင့်အတူ Jungkookရဲ့တင်ပါးနှစ်ဖက်နှင့် သူ့နှစ်ဆလောက်ရှိတဲ့ ခြေထောက်နှစ်ဖက်အား Seokjin မရည်ရွယ်ဘဲအချိန်အတော်ကြာငေးကြည့်နေမိသည်

" ဟို..ဆရာKim ကြည့်လို့ပြီးရင် ကျတော့်ကိုဆေးလေးထည့်ပေးလို့ရမလား အင်္ကျီချွတ်ထားရတာကြာတော့ အေးနေလို့ပါ "

သူ့ကိုစိုက်ကြည့်နေတဲ့ Jungkook မျက်ဝန်းနှင့် အိပ်ပျော်နေတာမဟုတ်မှန်းသိလိုက်ရတာကြောင့် Seokjin နားရွက်လေးတွေနှင့်မျက်နှာတစ်ခုလုံး နီမြန်းလာကာ ခြေဖျားလက်ဖျားတွေပင်အေးစက်လာရသည်

" ဘ..ဘာ..ပ.ပြောတာ..လဲ ဘ.ဘယ်မှာ က..ကြ..ကြည့်လို့..လဲ "

အထစ်ထစ် အငေါ့ငေါ့ဖြင့်ပြောကာ မျက်နှာအားကြမ်းပြင်သို့ထိမတတ်ငုံ့ကာ ဆေးတွေယူနေတဲ့ Seokjinပုံစံလေးကြောင့် Jungkook ထိန်းမထားနိုင်ဘဲ ရယ်လိုက်မိသည်
သို့ပေမယ့် ရဲတက်နေတဲ့မျက်နှာလေးနှင့်အတူ သူ့ဆီသို့တည့်တည့်မတ်မတ် စိုက်ရောက်လာတဲ့ မျက်စောင်းလေးကြောင့် Jungkook အသံတိတ်သွားရပြန်သည်

Տ T O ᑭ I T #𝑲𝒐𝒐𝒌𝑱𝒊𝒏Where stories live. Discover now