𝖹𝖺𝗐𝗀𝗒𝗂

146 11 0
                                    

Song recommend - Can't Help Falling In Love With You [Elvis Presley]



တိမ်စိုင်တွေအား သူငေးနေမိသည်။ ညနေစောင်းပေမို့ လေပြေအေးတွေဟာ တစ်ဖြေးဖြေးတိုက်ခတ်လို့လာသည် ။ သူ့ရဲ့ ကျန်းမာရေးချို့တဲ့သည့် ခန္ဓာကိုယ်ဟာလည်း ချမ်းစိမ့်လာသည် ။ သူမုန်းသည့်အရာတွေထဲမှာ သူ့ခန္ဓာကိုယ်က ထိပ်ဆုံးပင်ဖြစ်သည် ။ အခြားသောလူငယ်တွေက ကျောင်းတတ်ပြီးပျော်ရွှင်နေရချိန် ဦးနှောက်ကင်ဆာဖြစ်နေသည့် သူအဖို့ကတော့ဆေးနံ့တွေမွန်ထူနေတဲ့ ဆေးရုံမှာနေနေရတာ နှစ်ချီနေလေပြီ။

" ဆောနူလေး အပြင်မှာတစ်ဖြေးဖြေးအေးလာပြီ ။ အခန်းထဲပြန်ကြရအောင်။ "

Nurse က သူ့အားအခန်းထဲပြန်ရန် လာခေါ်သည် ။ ဟုတ်ပါသည် ၊ အေးလာပြီဖြစ်သည် ။ ချို့ယွင်းလွန်းတဲ့ သူ့ခန္ဓာကိုယ်ဟာလည်း အအေးဒဏ်ကိုမခံနိုင်စွာပင် ချမ်းစိမ့်လာကာ ခေါင်းများပင်မူးဝေစပြုလာပေသည်။

" အင်း ၊ ပြန်ကြတာပေါ့။ "

သူလည်းအခန်းထဲပြန်လာလိုက်သည် ။ အခန်းထဲရောက်တော့ အိပ်ယာခင်းဖြူလွှလွှ ၊ ခေါင်းအုံးဖြူလွှလွှနဲ့ကုတင်ရယ် ခြောက်သွေ့လွန်းနေသော အခန်းရယ်ကသူ့အားဆီးကြိုနေလေသည် ။ သူနာပြုမလေးက သူ့အားကုတင်ပေါ် တွဲခေါ်လာခဲ့ပြီးလှဲစေသည်။

" ခဏလှဲအိပ်နေလိုက်နော် ဆောနူလေး ။ မကြာခင် Doctor လာကြည့်ပေးလိမ့်မယ်‌။ "

Nurse ကိုခေါင်းအသာငြိမ့်ပြလိုက်သည် ။ Nurse ထွက်သွားပြီးနောက် သူကုတင်ဘေး၊စားပွဲခုံပေါ်က စာအုပ်လေးတစ်အုပ်ကို ယူလိုက်သည် ။ စာအုပ်ထဲက စာမျက်နာတစ်ရွက်ချင်းဆီက ဓာတ်ပုံလေးတွေကို သူကြည့်ရင်း ခပ်ဖျော့ဖျော့ပြုံးမိသည်။

သူဓာတ်ပုံတွေကိုကြည့်နေရင်းပင် တံခါးဖွင့်သံနှင့်အတူ အခန်းထဲဝင်လာသည့် Doctor ဆီက သူ့နာမည်ကို ခေါ်သံဟာတစ်ထပ်တည်းကျလျက် ထွက်ပေါ်လာသည်။

" ဆောနူလေး "

Doctor အားသူပြုံးပြလိုက်သည် ။ Doctor ကသူဘေးနားလာရပ်ပြီး ...

" ခေါင်းတွေအရမ်းကိုက်သေးလား ဆောနူ။ "

" ဟင့်အင်း အရမ်းမကိုက်တော့ဘူး။ "

SOFTY LOVE : SUNKI [One Short]Where stories live. Discover now