Chapter2

851 23 0
                                    

Zawgyi

"ကဲ သားကျန့် လာထိုင်.....ဒါက ဘေးအိမ်က ဧည့်သည်တွေလေ"
"ဟုတ် မားမား"
"မင်္ဂလာပါ အန်တီ..ရှောင်ကျန့်ပါ အလယ်တန်းတက်နေတာပါ". "အမရှောင်ရဲ့ သားလေးက လိမ်မာလိုက်တာ... အန်တီကဘေးအိမ်ကပါ အန်တီနာမည် ဝမ်မိန်လီပါ... ကိုယ့်အဒေါ်အရင်း တစ်ယောက်လို ဆက်ဆံနော် သားကျန့်"
"ဟဲ့ ဝမ်ဝမ် ကိုကို့ကို နှုတ်ဆက်လိုက်ဦးလေ"
ရှောင်ကျန့်အခုမှတွေ့တယ် အန်တီဝမ်ဘေးနားမှာ သေးသေးလုံးလုံးလေး...မားချပေးထားတဲ့မုန့်ကို ထိုင်စားနေတာ သူ့ကိုလဲအာရုံစိုက်တဲ့ ပုံမပေါ်ပါဘူး..ချစ်စရာလေး အချေလေးက..
"နိဟောင် ဝမ်ရိပေါ်ပါ..အသက်က ၈နှစ်ရှိပါပြီ ၃တန်းတက်နေတာပါ "
"အမလေး တော် အမဝမ်ရဲ့ သားလေးက ချစ်စရာလေးတော့် "
"ဒါက ကိုကိုရှောင်ကျန့် အန်တီရဲ့ သားလေ "
"ဟုတ်ကဲ့ပါ ဗျ"
"ရှောင်ကျန့်ကိုကို မင်္ဂလာပါဗျ "
အမလေး ချစ်ဖို့ကောင်းချက် ရှောင်ကျန့်တစ်ယောက် တကယ်ကို တစ်အား ချစ်နေပါပြီ လုံးလုံးပုပုသေးသေးလေးကို
"သား ဝမ်ဝမ် ကိုကိုနဲ့ သင့်သင့်မြတ်မြတ်နေရမယ်နော် "
"ဟွန့် မားကလည်း သားက လိမ်မာပါတယ်"
"ဟုတ်ပါတယ် အန်တီရဲ့ ဝမ်ဝမ်လေးက လိမ်မာတဲ့ကလေးပါ"
"အမလေး ကျန့်ကျန့်ရယ် သား မသိသေးလို့ပါ ဒီကလေး မွှေချက် သူ့ပါးပါးတောင် လက်မြှောက်ထားတာ "
"ဟွန့် မားမားက အမြဲ ဝမ်ဝမ် မကောင်းကြောင်းပဲ ပြောနေတာ...လာကိုကို...ဝမ်ဝမ်နဲ့ ခြံထဲသွားမယ်"
"ဝမ်ဝမ် မိဘကိုအ့လိုမပြောရဘူးလေ"
ဟွန့်...အခုမှခင်ပြီး..လာပြီးပြောနေတယ်..သွား..မခင်ဘူး
"ဝမ်ဝမ်...ကိုကိုပြောနေတာကြားလား..မိဘကို ပြန်မပြောရဘူးလို"
"ဟုတ်ကဲ့ပါ ဝမ်ဝမ်ကပဲလူဆိုးကြီးဖြစ်လို့..အင့်.."
"ဝမ်ဝမ် ဘာဖြစ်လို့လဲ "
"အင့်....အီး...ကိုကိုကိုမခင်တော့ဘူး..ဝမ်ဝမ့်ကိုဆူတယ်..အန်တီရှောင်နဲ့တိုင်ပြောမယ် "...."ကိုကိုကပြောပြတာလေဝမ်ဝမ် ကိုကိုက ကောင်းစေချင်လို့ ပြောတာလေ.... မငိုနဲ့ တိတ်တိတ်...
ကိုကို့ကလေးလေး က လိမ်မာတယ်နော်"
"အင့်...ပထမဆုံးမို့ခွင့်လွှတ်ပေးလိုက်မယ်... နောက်တစ်ခါ ဝမ်ဝမ်ကို မအော်ရဘူးနော်"
"ဟုတ်ပြီနော် မအော်တော့ဘူး ကလေးလေး အခုတိတ်တော့နော်"
အသက် ၁၅နှစ်မှ စတွေ့တဲ့ ပါးဖောင်းဖောင်း လုံးလုံးလေးနဲ့ကလေးလေးက....ကျွန်တော်ကို စွဲလမ်းသွားစေခဲ့တယ်"

***********************************

My candy of sweet Where stories live. Discover now