"ရော့..ကိုကိုအတွက်..ဝမ်ဝမ်ကိုယ်တိုင်ချက်ထားတာ အထူး စပယ်ရှယ်ထမင်းကြော်နော်..ပါးပါးကိုမကျွေးနဲ့ "ရှောင်ပါးတစ်ယောက်အခုမှသက်ပြင်းချနိုင်တယ် အရင်တစ်ခါက ရှောင်ပါးအတွက်ဆိုပြီး မုန့်လေးလုပ်ပြီး လာပေးတာ ၂ရက်လောက် အရသာအာရုံပျက်သွားသလိုပဲ အခုကိုယ်ကိုမကျွေးတာ အရမ်းကိုကျေးဇူးတင်ပါတယ်
ရှောင်ကျန့် တစ်ယောက်အစက သူ့ပါးကိုပါ ကျွေးမယ်ဆိုပြီးစီစဉ်ထားတာ ဝမ်ဝမ့်စကားကြောင့် မျက်နှာမဲ့သွားတယ် ပါးပါးကိုအကူအညီတောင်းတဲ့မျက်လုံးလေးနဲ့ ကြည့်တော့လဲ မသိချင်ယောင်ဆောင်သွားတယ် သူမစားရတိုင်းတကယ်ပဲ ပါးပါးက
"ကိုကို မစားဘူးလား ဝမ်ဝမ့်ဟာ မကြိုက်လို့လား.... ဒီမှာကြည့် ဝမ်ဝမ်က လှလှလေး ပြင်ထားတာ အသဲပုံလေးတောင်ထည့်ထားသေးတယ် "
"စားမှာပေါ့ ဝမ်ဝမ်ရဲ့ "
ရှောင်ကျန့် ထမင်းကြော်ကို တစ်လုတ်စားလိုက်တော့ တကယ် ဒီဘဝမှာ ပထမဆုံး ဒီလိုအရသာ စားဖူးတာ အမလေးချဉ်လိုက်တာ"ဝမ်ဝမ် ထမင်းကြော်တာ ဘာထည့်သေးလဲ အရမ်းစားကောင်းလို့ "
"ဟီး ထင်သားပဲ ကိုကိုကြိုက်မှာပါလို့ ရှာလကာရည်တွေထည့်လာတာလေ ဝမ်ဝမ်ကအချဉ်မလုပ်တတ်တော့ တစ်ခါထဲ ထည့်လိုက်တာ ဝမ်ဝမ်တောင်မမြည်ရသေးဘူး ကိုကို့အတွက် ထည့်လာတာ...ကြိုက်ရင်များများစားနော်...နောက်လဲလုပ်ကျွေးမယ် ဟီး..ဟီး.."
ဝမ်ဝမ်က စားတာကုန်မှပြန်မယ်တဲ့ဆိုလို့ မနဲ စားလိုက်ရတာ အရသာခံနိုင်စွမ်းပါ ပျောက်သွားသလိုပဲ...နောက်တစ်ခါ ဒီကလေးကို ဘာမှမချက်ခိုင်းတော့ဘူး လို့တွေးလိုက်တယ်..
"ဟီး...ကိုကိုစားလို့ပြီးပြီဆိုတော့ ဝမ်ဝမ်လဲ ပြန်တော့မယ်နော် ကိုကိုရုံးကစောစောပြန်ခဲ့နော် "
"ဟုတ်ပါပြီ ဆိုင်ကယ်ဖြေးဖြေးမောင်းနော် ဝမ်ဝမ်"
"ဟုတ် ကိုကို...ရှောင်ပါး သွားပြီနော်"ရှောင်ကျန့် ဒီနေ့ ရုံးအသောကြီးဆင်းလာတာ ပါးပါးလဲ သူ့အဖြစ်ကိုမကြည့်နိုင်တော့လို့ စောစောဆင်း ခိုင်းလိုက်တာ ဝမ်ဝမ်ကျွေးတဲ့ဟာတွေစားပြီး ချီးပန်းနေတယ် ဝမ်ဝမ်ကိုပြောရင်လဲ စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောတော့ဘူး
YOU ARE READING
My candy of sweet
Romansa"ဝမ်ဝမ်က ဆိုးတယ် " "ဟင့် ကိုကိုက ဝမ်ဝမ့်ကို မချစ်တော့ဘူး" #Zhanyi