ငါ အဲ့ကလေး ရှိနေသေးတဲ့ ဒီဇင်ဘာလဆန်းလောက်တုန်းက ငါ့စောင်ပေါ်မှာ ကွေးပြီး အိပ်နေတဲ့ အသေးလေးကို ကြည့်ရင် ငါ ဒီလိုတွေးမိခဲ့တယ်။ ထူးထူးဆန်းဆန်း ငါ ဒီနှစ် ဒီဇင်ဘာညတွေမှာ အထီးမကျန်ပါလားပေါ့။ ငါက ShuYiကြောင့် အထီးမကျန်တာလို့ ထင်နေခဲ့တာ။ ငါ့စိတ်ထဲမှာတော့ အတွေးတစ်ခုရှိနေခဲ့တယ်။ မနှစ်ကလည်း ShuYi ရှိနေပါတယ်ပေါ့။ ငါ အဲ့တုန်းက မသိခဲ့ဘူး။ အဲ့ကလေး ထွက်သွားတဲ့အချိန်မှာ ငါ သိလိုက်ရတယ်။ ငါ့ကို အထီးမကျန်အောင် ဘယ်သူလုပ်ပေးနေတာလဲဆိုတာကို။
အဲ့ကလေး မရှိတော့တဲ့နောက်ပိုင်း ငါ အိပ်တာ သိပ်မနောက်ကျတော့ဘူး။ အရင်က ညဘက်ဆို အထီးကျန်လို့ နားထောင်လေ့ရှိတဲ့ CVရဲ့liveကိုလည်း သိပ်နားမထောင်ဖြစ်တော့ဘူး။
ဒါမဲ့ ငါ့စောင်ပေါ်မှာ သူ့အမွှေးတွေကို ယက်နေတာဖြစ်ဖြစ် ကွေးကွေးလေး အိပ်နေတာဖြစ်ဖြစ် လုပ်နေတတ်တဲ့ ကလေးလေးကတော့ မရှိတော့ဘူး။
YOU ARE READING
ကိုယ့်တွေးမိရာရာ ရေးမိရာရာ
No Ficciónခေါင်းစဥ်အတိုင်း တွေးမိတာတွေ သိမ်းထားချင်တာတွေ ရေးမှာပါ