🌼အမှတ်တမဲ့မှသည်... ဒုတိယမြောက်တွေ့ဆုံခြင်းအဖြစ်သို့🌼

78 5 0
                                    

အခန်းပြန်ရောက်ရောက်ခြင်း jiminသည် လက်က ဒဏ်ရာတွေကို သန့်ရှင်းရေးလုပ်ပြီး အပြန်ဆေးဆိုင်မှာ ဝင်ဝယ်ခဲ့သော ဆေးထည့်ကာ ပလာစတာကပ်ထားလိုက်သည်။ ရောင်နေသောခြေထောက်ကိုတော့ ရေနွေးအိတ်ကပ်ကာ ဆေးလူးထားလိုက်သည်။ တစ်ယောက်တည်းနေသူမို့ ဒီလိုအချိန်‌ေတွဆို ကိုယ့်ဘာသာပဲ အဆောင်မှာ ဆေးထည့်ကာ နေလိုက်သည်။ ဆေးရုံဆေးခန်းသွားရမည်ဆိုလျှင် jimin သည် သေမတတ်မုန်းပါသည်။ ဆေးရုံဆေးခန်းတွေဆိုသည်မှာ လားလားမျှ သူနှင့်မသက်ဆိုင်ဟု လူမှန်းသိတတ်စအရွယ်ကတည်းက သတ်မှတ်ထားသူပင်။ မနေနိုင်သည့်အဆုံးမှသာ သူရဲ့ တစ်ဦးတည်းဖြစ်သော ဆိုးတူကောင်းဖက် ကြီးဖော်ကြီးလည်းဖြစ် အကိုဆိုသူလည်းဖြစ်သူ Hoseokie Hyungကို လှမ်းအပူကပ်ရသည်။ Hoseokie Hyungသည် သူ့အတွက် တစ်ဦးတည်းသော မိသားစုဝင်တစ်ဦးဆိုလည်း မှားမည်မထင်။ Jiminသည် နယ်သား‌ေလးဖြစ်ပြီး ဆိုးလ်မြို့လိုမြုိ့ပြကြီးကို တစ်ယောက်တည်း အရဲစွန့်တက်လာသူလည်းဖြစ်သည်။ အဲ့ဒီလို တက်လာရသည့်အကြောင်းမှာလည်း Jiminအသက် 12နှစ်မှာ အမေဖြစ်သူသည် ရောဂါနဲ့တိမ်းပါးသွားခဲ့ပြီး အဖေဖြစ်သူ နောက်အိမ်ထောင်တည်ခဲ့‌ေလသည်။ထုိအချိန်က jimin အသက်သည် 15နှစ်မျှသာရှိသေးသည်။ အဲ့အချိန်‌ေတွက Jimin အတွက်တော့ ခိုကိုးရာမဲ့ခဲ့သော အချိန်ကာလတွေပင်။ အဖေဖြစ်သူမှ သူ့အတွက် လိုလေသေးမရှိ ထားပေးခဲ့ပေမဲ့ အဖေ့နောက်အိမ်ထောင်နဲ့အတူ နေရသည်မှာ Jimin အတွက် အထီးကျန်အဖော်မဲ့ခြင်းတွေသာ တိုးလာခဲ့သည်။အဲ့နောက်ပိုင်း Jimin သည် အဖေဖြစ်သူရဲ့ နောက်အိမ်ထောင်နဲ့ အတူမနေလိုတာကြောင့် ကျောင်းပြီးတာနဲ့ အိမ်မှထွက်ကာ Seoulသို့ တစ်ယောက်တည်းတက်လာခဲ့ခြင်းဖြစ်သည်။ ဆိုးလ်ရောက်တော့ အခန်းလေးတစ်ခုငှားကာ အချိန်ပိုင်းအလုပ်လည်း လုပ်ရင်း စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ ကိုယ်တတ်ထားတဲ့ ပညာရပ်ဖြစ်သော ပန်းချီဆွဲခြင်းကို စတင်ခဲ့သည်။ နောက်ပိုင်းတွင်တော့ အဲ့ပညာရပ်နဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုနေပြီဆိုလည်း မမှားတော့ပေ။အဖေဖြစ်သူကတော့ သူသုံးဖို့ဆိုပြီး လစဉ် ငွေတွေလှမ်းလှမ်းပို့ပေးရှာပေမဲ့ Jimin ကိုယ့်ဘာသာ ပိုက်ဆံရှာနိုင်ပြီးနောက်ပိုင်း အဖေဖြစ်သူထံမှ ငွေတွေမယူဖြစ်တော့ပေ။အသက်20ကျော်အရွယ်မှာ Jimin သည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်ပြီဖြစ်သည်။ ဆိုးလ်ရောက်ပြီး တစ်နှစ်အကြာတွင် Jimin ရဲ့ ဘေးအခန်းသို့ လူတစ်ယောက် ပြောင်းလာခဲ့သည်။ ထိုလူသည် Hoseokie Hyung ဖြစ်သည်။ Hoseokie Hyung သည် မိဘအသိုင်းအဝိုင်းမှာ ပြောစရာမရှိအောင် ချမ်းသာကြွယ်ဝပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ရချင်လို့ဆိုကာ ခုလိုအဆောင်ခန်း‌ေလး ငှားနေဖြစ်ခြင်း ဖြစ်သည်။ Hyungသည် အကပညာရပ်ကို ရူးသွပ်ကာ Dance classတစ်ခုမှာ သင်ယူရင်း အားနေရင် ကိုယ်ပိုင်အခန်းလေးထဲမှာ တစ်ကိုယ်တည်း ကနေတတ်သည်။ Hyungရဲ့ Dancer nameမှာ J-Hopeဖြစ်သည်။ Hyungသည် ပထမဆုံးစရောက်တဲ့ နေ့မှာတင် သူ့အခန်းဆီ လာကာ အခန်းဖော်တစ်ယောက်အနေနဲ့ စတင်မိတ်ဖွဲ့ခဲ့သည်။ သူငယ်ချင်းအပေါင်းအသင်း သိပ်မရှိတဲ့ Jimin အတွက် Hyung သည် ပထမဆုံးသော သူငယ်ချင်းဖြစ်လာခဲ့သည်။ Hyungရဲ့ social skill ကြောင့်လည်း ပါမယ်ထင်ပါရဲ့။ Hyungသည် သူ့ထက် တစ်နှစ်ကြီးသည် ဆိုပေမဲ့ အရာရာ လွတ်လွတ်လပ်လပ် ရင်ဖွင့် တိုင်ပင်လို့ ရသည်။ Hyungနဲ့ အတူရှိနေရင် jimin ပျော်သည်။ ပေါ့ပါးသွားသည်။ Hyungသည် သူ့ဘေးနားကလူ‌ေတွအားလုံးကို ပျော်အောင် စိတ်သက်သာအောင် လုပ်ပေးနိုင်တဲ့ Sunshineလေး တစ်ခုပင်။ တစ်နည်းဆို Hyungရဲ့နာမည်အတိုင်း သူ့အနားမှာရှိတဲ့ လူတိုင်းရဲ့ Hope လေးဆိုလည်း မမှား။ အသိုင်းအဝိုင်းကြီးမှလာ၍ဆိုပြီး မာနကြီးတာ အကန့်ခွဲတာမျိုးတွေ Hyungသည် မလုပ်တတ်။လူတွေနဲ့ ခပ်တန်းတန်းသာ နေတတ်သော Jimin သည် Hyungရှေ့တွင်ဆို အရာရာ ဟန်မဆောင်တတ်ဘဲ စိတ်လွတ်ကိုယ်လွတ်နေတတ်ကာ သူ့ရဲ့ inner sideထိပါ ချပြ
နိုင်သည့်အထိ Hyungအပေါ်ကုိ ယုံကြည်ကိုးစားသည်။ Hyungကလည်း သူ့အပေါ်ဆို အရမ်းကောင်းပေး နားလည်ပေးပြီး ဘယ်အရာမဆို ဆိုးသည်ကောင်းသည်ကစ အကြံပေးတတ်သူလည်း ဖြစ်သည်။ အနေအထိုင်ကစ အစ်ကိုတစ်ယောက်လိုမျိုး လိုက်ပြောပေးတတ်သည်။ ခုကိစ္စကိုလည်း Hyungသာ သိရင် အရာရာနမော်နမဲ့နိုင်တဲ့သူ့ကို ဆူကာ ဆေးခန်းခေါ်သွားပြီးလောက်ပြီး ဖြစ်မည်။ ဆေးရုံဆေးခန်းမုန်းတဲ့ Jimin အဖို့ ဒီဒဏ်ရာတွေလောက်နဲ့ မသွားချင်တာရော Hyungကို အလကား သက်သက် အလုပ်ရှုပ်စိတ်ပူစေတာမျိုး မဖြစ်စေချင်တာကြောင့် မပြောတော့ဘဲ အခန်းသို့ အသာလေးပြန်လာကာ နေလိုက်သည်။ တစ်ခုက ကိုယ်နေတဲ့နေရာသည် ဟန်မြစ်ကမ်းဘေးပန်းခြံနဲ့ မလှမ်းမကမ်း‌ေနရာမို့ လမ်းသိပ်မလျှောက်လိုက်ရတာရော ခြေထောက်မှာ လုံးဝ‌ ခြေကျင်းဝတ်လည်သွားတာမျိုးမဟုတ်ဘဲ အနည်းငယ်ဒဏ်ဖြစ်သွားရုံမို့ တော်‌ေသးသည်ဆုိရမည်။Hyungလည်း ဒီအချိန်ဆို Dance classမှာပဲ ရှိနေဦးမည်လေ။ဒီလိုမှ မဟုတ်ရင်လည်း ခြေထောက်က ဒီထက်မက ရောင်ကိုင်းပြီး Hyungပြန်လာချိန်နဲ့တိုးမှာလည်း မြင်ယောင်သေးသည်။ ဒါတွေအားလုံးဟာ စောနကလူရဲ့ အပြစ်‌ေတွချည်းပဲ။ ဘယ်လိုမှန်းမသိ Jimin ထိုလူအပေါ်မှာသာ စုပုံအပြစ်တင်နေမိတော့သည်။

 Dear Dandelions...Nơi câu chuyện tồn tại. Hãy khám phá bây giờ