"ငါ မူးချင်သေးတယ်လေ နောက်တစ်ခွက်ပေးပါဦးဆို Kookieကလည်း..."
"များနေပြီလေ Hyungရယ်"
"Kookieက မကောင်းဘူး ဒီက မူးပြီး ခေါင်းထဲကအတွေးတွေ ပျောက်ချင်လို့ သောက်တာပါဆို ဘာမှလည်း အလိုက်ကမ်းဆိုးမသိဘူး ဟင့်"
မျက်နှာလေး မဲ့ကာ ခပ်ချွဲချွဲကလေးတစ်ယောက်လို ပြောလာတော့ Jungkookမှာ အသည်းယားတာအပြင် စိတ်မကောင်းပါ ဖြစ်ရသေးသည်။ ဒီHyungသေးသေးလေးဆီမှာ ဘယ်လိုစိတ်ညစ်စရာတွေရှိနေလို့များ လူမသိသူမသိအောင် သောက်ရတာလဲ? ဖြစ်နိုင်ရင် Jungkook သူ့Hyungလေးရဲ့ စိတ်ညစ်စရာတွေအကုန်လုံးကို အစားယူကာ ဖြေရှင်းပေးချင်မိသည်။ ခုတော့ Hyungက နဂိုကတည်းက လျှုိ့ဝှက်တတ်သူလည်းဖြစ်၊ သူကလည်း Hyungအတွက် စည်းခြားထားတဲ့ သူငယ်ချင်းမိတ်ေဆွတစ်ယောက်မျှသာမဟုတ်လား? မဖြစ်ပါဘူး အမြန်ဖွင့်ပြောပြီး ဒီHyungလေးကို ကာကွယ်စောင့်ရှောက်ပေးမှပါ။
နောက်ဆုံးတော့ တစ်ခွက်ပြီး တစ်ခွက်သောက်ကာ စားပွဲပေါ်က ဆိုဂျူပုလင်းခွံတွေကြား ခေါင်းမှောက်သွားသည့် Hyung အသေးလေးကို Jungkookကြည့်ရင်း သက်ပြင်းချမိသည်။ ကြက်တွင်းလေးမှန်းသာ အစောကတည်းက သိရင် ဒီလိုခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့ ဒါကလည်း Jungkook အတွက် တမျိုးလေးကောင်းသည်။ ဒီလိုမှမဟုတ်ရင် သူ ဒီလိုချစ်စရာေကာင်းတဲ့အမူးသမားလေးကို ဘယ်မြင်တွေ့ခွင့်ရပါ့မလဲ။
"Hyung! Hyung! ထဦးလေ ကျွန်တော်တို့ ပြန်ရဦးမယ်"
"အင်း ဟင်း ဘာလဲကွာ အိပ်နေတာမမြင်ဘူးလား လာမနှိုးနဲ့"
ဆိုကာ Jungkookလက်ကို ပုတ်ထုတ်လိုက်သည်။စားပွဲပေါ် ပါးအပ်ထားတာမို့ စူထွက်နေသည့် နှုတ်ခမ်းလုံးလုံးလေးသည် စကားပြောလိုက်တိုင်း ပိုပြီး စူထွက်လာလေသည်။ Jungkookတစ်ယောက် တံတွေးကို အသာမျိုချလိုက်ရင်း လက်ကျန် ဆိုဂျုခွက်လေးကို မော့လိုက်သည်။ ခုမှပဲ နေသာထိုင်သာရှိသွားသလို။ Hoseok Hyungကလည်း ရုတ်တရက် အလုပ်ပေါ်လို့ဆိုကာ ထထွက်သွားတော့ ဒီအမူးသမားလေးကို သူကိုယ်တိုင်ပဲ အဆောင်ပြန်လိုက်ပို့ရတော့မည်။
"Hyung ကျွန်တော်ကုန်းပိုးမယ် လာ ကျောပေါ်တက်"
Jungkookသည် Jimin ကိုယ်လေးကို အသာမကာ ကျောပေါ်တင်လိုက်သည်။ အလိုက်သင့်ပါလာသော ကိုယ်သေးသေးလေးသည် Jungkookအတွက် ထူးပြီးလေးမနေခဲ့။ ကျောပိုးထားတာမုိ့ Jungkookနားသယ်စနဲ့ပါးပြင်ကို တစ်ချက်တစ်ချက် ရိုက်ခတ်လာသော Jimin hyungရဲ့ ထွက်သက်များသည် Jungkookဂုတ်ပေါ်ရှိ မွေးညှင်းနုများကိုပါ ထိုးထောင်စေကာ ကြက်သီးတွေပင် ထစေသည်။ ကျောပေါ်လိုက်ပါကာ ပါးစပ်ကနေလည်း တတွတ်တွတ်ပြောနေသေးေသာ သူသိပ်မြတ်နုိးရသော ဒီလူသားေလးနဲ့အတူ အဆောင်ပြန်လမ်းတစ်လျှောက် အတူပြန်ခွင့်ရခြင်းသည် Jungkookအတွက်တော့ မမေ့နိုင်မဲ့ အမှတ်တရတွေထဲက တစ်ခုဖြစ်ပါလိမ့်မည်။အတွေးနဲ့လျှောက်နေစဉ် နောက်ပါးက အမူးသမားလေးထံမှ မထင်မှတ်ဘဲ
VOCÊ ESTÁ LENDO
Dear Dandelions...
FanficJikook fanficလေး တစ်ပုဒ်ရေးချင်တာနဲ့ ပထမဦးဆုံး စရေးမိခြင်းပဲ ပထမဉီးဆုံးfanficေလးမို့ လိုအပ်ချက်တွေများခဲ့ရင် ခွင့်လွှတ်ပေးကြပါနော်🥺💜💛 Ficရဲ့ဇာတ်အိမ်ေလးက Dandelionsတွေကို အခြေခံကာ အလွမ်းအဆွေးသွားတဲ့ ficလေးပါ ကိုယ်တိုင်ကလည်း အဆွေးဘက် သွားတတ်တဲ့...