၂(Z+U)

174 24 9
                                    

njပျော်သွားတယ်လေ ဘယ်သူမှမရှိရင်သူsjနဲ့တွေ့လို့ရတာပေါ့ သူတို့မိသားစုကhotelလုပ်ငန်းတွေလဲပိုင်တယ်လေ သူ့အဖေထွက်သွားတာနဲ့သူအခန်းဝလေးကိုကြည့်ပီးတယောက်သောသူကိုမျှော်နေတယ်လေ ဉီးနှောက်ကမေ့နေတာတောင်နှလုံးသားကမမေ့နိုင်တဲ့လူသားတယောက်ကိုပေါ့။သူတနေကုန်မျှော်နေတာဆန်ပြုတ်လဲမသောက်ဘူးလေ ည၁၀နာရီလောက်မှသူမျှော်နေတဲ့လူသားရောက်လာတာပေါ့ သူလဲပျော်သွားတယ်လေ

nj=မင်းရောက်လာပီလား

sj=ကျနော့်ကိုမျှော်နေတာလား ကျနော်ကိစ္စလေးရှိလို့မလာဖြစ်တာ အခုမှပီးလို့လေ

nj=အော်...

sj=ဆန်ပြုတ်မသောက်ထားဘူးလား

nj=ဗိုက်မဆာသေးလို့မစားသေးတာပါ အခုစားမယ်လေ

sj=ခွံ့ကျွေးရမလား

nj=အင်း

ပျော်သွားတယ်လေ

sjမဝံ့မရဲနဲ့ပန်းကန်လေးကိုကိုင်ကြည့်တယ်လေ အာရုံအရမ်းစိုက်ပီးကိုင်လိုက်တော့ရသွားတာပေါ့ သူလဲတော်တော်လေးဝမ်းသာသွားတယ်လေ သေချာလေးဂရုစိုက်ပီးခွံ့ကျွေးနေလိုက်တယ်လေ စားသောက်ပီးတော့သူတို့၂ယောက်စကားထိုင်ပြောနေတာပေါ့

nj=မင်းကဘာအလုပ်လုပ်တာလဲ

sj=ဘာမှမလုပ်ဘူး ချစ်သူနဲ့ပဲလျှောက်သွားတာလေ

nj=မင်းမှာချစ်သူရှိတာလား

sj=အင်း လွန်ခဲ့တဲ့၃ရက်လောက်ကထိတော့ဟုတ်သေးတယ် ဒါမယ့်အဲ့နောက်ပိုင်းဆိုရင်တော့သူသတ်မှတ်မှသာကျနော်ကသူ့ချစ်သူဖြစ်မှာပါ သူကအရမ်းချောပီးသဘောလဲကောင်းတယ် ပါးချိုင့်လေးလဲရှိတယ်လေ ကျနော့်ကိုလဲအရမ်းချစ်တာ ဒါမယ့် သူတို့မိသားစုကအရမ်းချမ်းသာတာ သူ့အမေကကျနော်တို့ကိုသဘောမတူဘူးလေ

ပြောပီးမျက်နှာပျက်သွားတယ်လေ

nj=အော်... မမေးသင့်တာကိုမေးမိပီထင်တယ် တောင်းပန်ပါတယ်နော်

sj=ရပါတယ် တချိန်ချိန်ကျရင်လဲပြောပြရမှာပဲ ကျနော်မပြောပြရင်တောင်သိသွားမှာပဲလေ

nj=ဟမ်...

သူနားမလည်ဘူးပေါ့

sj=ကျနော်ပြန်တော့မယ် အိပ်တော့နော် မနက်ကျမှလာခဲ့မယ် ကောင်းကောင်းအိပ်ပါ good night

The Power Of Love💜 ☑️Onde histórias criam vida. Descubra agora