အရှိန်ပြင်းပြင်း လှိမ့်ကျသွားသည့် ဝှီးချဲအလွတ် ဆီက အသံ။
ဖြန်းခနဲ ကြားလိုက်ရသည့် အသံနှင့် အတူ စပ်ခနဲဖြစ်သွားသည့် ဘယ်ဖက်ပါး။
"ယွင်း နင်အဲ့လောက်တော်နေတယ်ပေါ့ ဟုတ်လား"
အသံစူးအက်အက်ဖြင့် ပြောလာသည့် သူမ၏ မျက်ဝန်းထဲမှာ အမျက်ဒေါသ တွေပြည့်နေတာကို ယွင်းစန္ဒာအိမ် အတိုင်းသားမြင်နေရသည်။သူမ၏ အနောက်မှာရပ်နေသည့် သူမသူငယ်ချင်းလို့ ထင်ရတဲ့ သူသုံးယောက်၏ မျက်နှာတွေပါ ရှုံ့မဲ့လို့။
အံကြိတ်လိုက်ကာ နီရဲလာသည့် ဘယ်ဖက်ပါးကိုလက်နှင့်အုပ်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း သူ့အပေါ်ကနေ မိုးပြီးရပ်ကြည့်နေသော သူမကို ကိုယ်မှန်တယ်ဆိုတဲ့အကြည့်ဖြင့် မော့ကြည့်လိုက်သည်။
ဒါပေမဲ့လည်း မွေးကတည်းက ချို့ချို့ယွင်းယွင်းနဲ့ မွေးလာသည့် သူကဘာလုပ်နိုင်မှာတဲ့လဲ။
"နင်ငါ့ကိုဘယ်လိုကြည့်နေတာလဲ...ဟမ်"
အမိန့်ပေးသည့် အသံကို စန္ဒာ အရမ်းမုန်းသည်။ ယွင်း လို့ခေါ်တာကိုလည်းမုန်းသည်။မကြိုက်တာကို သိသိရက်နဲ့ တမင်ခေါ်နေတာလေ။သူငယ်ချင်း၊မိတ်ဆွေနှင့်မသိတဲ့သူတွေကတောင် ကိုယ့်နာမည်သိရင် စန္ဒာ၊စန္ဒာအိမ် ဆိုပြီး ယွင်း ဖြုတ်ပြီးတော့ခေါ်တာကိုး။
"ငါအရည်ချင်းရှိလို့ရခဲ့တာ"
"ဘာ!အရည်ချင်းရှိလို့...ဟုတ်လား ဟား...ဟား...ဟား"
သူမ၏ ရယ်သံကြောင့် သူမအနောက်မှာရပ်နေသည့် သူမ၏သူငယ်ချင်းသုံးယောက်ပါ ထပ်တူ လိုက်ရယ်လေသည်။
"ငါဟားတိုက်ပြီးရယ်လိုက်မယ်...နင့်လိုအောက်ပိုင်းသေနေတဲ့ သူက ဘယ်လောက်အရည်ချင်းရှိရှိ အောင်မြင်မှာမဟုတ်ဘူး"
သင်တန်းမှာကျင်းပသော ရေဆေးပန်းချီပြိုင်ပွဲမှာပထမဆုရခဲ့သည့် စန္ဒာ့ ကိုသူမဘယ်ကြည့်လို့ရပါ့မလဲ။ပြိုင်ပွဲကျင်းပတိုင်း ဒုတိယပဲ ရတတ်သည့် သူမ၏ စိတ်ထဲမှာတော့ မနာလိုဝန်တိုမှု အပြည့်နဲ့လေ။
ပြိုင်ပွဲမှာ ပထမရခဲ့ပေမဲ့ ပထမဆိုတာနဲ့ မတန်အောင် စန္ဒာ၏ စိတ်ဒဏ်ရာဟာ ရစရာမရှိအောင် နင်းခြေခံရသည်။
စိတ်ကြိုက် နင်းခြေပြီး ထွက်သွားသော သူမနှင့် သူမ၏ သူငယ်ချင်းတွေ၏ နောက်ကျော ကိုသာငေးရင်း ကျန်ခဲ့ရပြန်ပြီ။

YOU ARE READING
ယွင်း(Complete)
Teen Fictionခံစားချက်ဆိုတာ ပန်းချီကားတစ်ချပ်လိုပဲ။ Oc Uni+Zg ခံစားခ်က္ဆိုတာ ပန္းခ်ီကားတစ္ခ်ပ္လိုပဲ။