ခွန်းလဲ့။
"ယွင်း...အိမ်အတူတူပြန်ကြမလား"
လမ်းလုံးဝမတူသည့် သူမက ဘာရည်ရွယ်ချက်ကြောင့် အတူတူပြန်ဖို့ပြောမှန်းမသိ။
"ရတယ် ငါတို့ကိုယ့်ဖာသာကိုယ် ပြန်နိုင်တယ်"
ရှိုင်းသီဟ၏ ပြောလိုက်သည့်လေသံမှာ ဒေါသသံပါနေသည်။သူစိတ်တိုနေပါလား။
ဒါပေမဲ့....ခွန်းလဲ့က ဘာမှမဖြစ်သည့်ပုံ။သူမ၏ ပုံက အေးအေးဆေးဆေးပင်။အတူတူပြန်ရမည်ဆိုတာ သိနေလို့များလား။
"ရှိုင်း..."
"ငါတို့နှစ်ယောက်တည်းပြန်မှာဟုတ်တယ်မလား စန္ဒာ"
"ငါပြောမှာအဲ့တာမဟုတ်ဘူး...ခွန်း...နင်ငါတို့နဲ့အတူပြန်လို့ရပါတယ်"
ခွန်း...သူမ၏နှုတ်ခမ်းပါး မှလွှတ်ခနဲ ထွက်သွားမိသည့် နာမည်အဖျားလေး။ရင်းနှီးသည့် သူတွေမဟုတ်တာကို ဘာလို့ခေါ်မိတာပါလိမ့်။
ခွန်းလို့ခေါ်တာကို ကြိုက်သည့်ပုံပေါ်သည့် သူမ၏ ပန်းနုရောင် နှုတ်ခမ်းပါးလေးက ယဲ့ယဲ့လေးပြုံးလာသည်။
"ငါ...ယွင်းနဲ့ပဲပြန်ချင်တာ...နင်မပါဘူး...ပြီးတော့တိုင်ပင်စရာလေးလည်းရှိသေးလို့"
ပေစောင်းကြည့်သည့် အကြည့်ဖြင့် ရှိုင်းသီဟ ကိုပြောလိုက်ခြင်းဖြစ်သည်။
တိုင်ပင်အုံးမယ်ဆိုပြီး စန္ဒာကို ခွန်းလဲ့နှင့် ဝေးရာသို့ ခေါ်သွားလေသည်။
"စန္ဒာနင်ရူးသွားပြီလား...သူအနိုင်ကျင့်ရင်ရော"
အနောက်ဘက်မလှမ်းမကမ်းမှာ ရှိနေသည့် ခွန်းလဲ့ ကိုမျက်လုံးစွေကာ ပြောနေသည့် ရှိုင်းသီဟ ပုံက အဒေါ်ကြီးတစ်ယောက်လိုပင်။
"မကျင့်လောက်ဘူးထင်တယ်"
"ထင်တာလေ...သိမှမသိတာ...မရဘူးငါနင့်ကိုမထားခဲ့နိုင်ဘူး"
"ငါ့ကိုစိတ်ချလိုက်ပါဟာ....သူအနိုင်ကျင့်မယ့်ပုံတော့မပေါ်ပါဘူး"
ခေါင်းမာတတ်သည့် ယွင်းစန္ဒာအိမ်ကို ရှိုင်းသီဟ တစ်ယောက်ဘယ်နိုင်ပါ့မလဲ။အမြဲအလျှော့ပေးလိုက်ရတာကြီး။
YOU ARE READING
ယွင်း(Complete)
Teen Fictionခံစားချက်ဆိုတာ ပန်းချီကားတစ်ချပ်လိုပဲ။ Oc Uni+Zg ခံစားချက်ဆိုတာ ပန်းချီကားတစ်ချပ်လိုပဲ။