~ မျှော်လင့်ချက်မဲ့တဲ့ကတိ ~
" ငါတို့ရဲ့ဒုတိယသခင်လေးက အမြဲချူချာနေတာ ဒီနွေဦးကိုတောင်ကျော်ဖြတ်နိုင်ပါ့မလား ?"
စိုးရိမ်စွာဖြင့်ပြောဆိုနေကြသည့်စကားသံများက အိပ်ဆောင်ထဲတွင်လဲလျောင်းနေသည့် ဒုတိယသခင်လေးထံသို့ရောက်သွားလေသည်။
မျှော်လင့်ချက်မဲ့စွာလဲလျောင်းနေရာမှထလာပြီး နှင်းတွေဝေနေသည့်အပြင်ဘက်ကိုငေးကြည့်မိသည်။
" မက်မွန်ပန်းတွေတောင်ပွင့်နေပါရောလား ?"
ကျင်းရှီဘွဲ့ရအမတ်တစ်ယောက်ဖြစ်လာပြီး နန်းတော်ထဲသို့အမှုထမ်းရန်သွားရာလမ်းတွင် လုပ်ကြံခံရလေသည်။ ထိုမျှသာမကသေး နှစ်လရှည်ကြာအဆိပ်ခတ်ထားခံရခြင်းကြောင့် ကျန်းမာရေးမှာဆိုးဝါးစွာ ယုတ်ယွင်းလာပြီး အိမ်တော်ထဲမှာသာအချိန်ကုန်ဆုံးရတော့သည်။
ထိုသို့ဖြစ်လာခဲ့သည်များအတွက် ဘယ်သူ့အပေါ်အပြစ်ဖွဲ့ရမည်နည်း ? သခင်မဝမ်ကိုလား ဒါမှမဟုတ် သွေးတစ်ဝက်ပဲတော်သည့်အကိုတော်ကိုလား ? သူ့ကိုမစောင့်ရှောက်ဘဲသေသွားတဲ့အမေဖြစ်သည့်
ကိုယ်လုပ်တော်ကိုလား ? ပြဿနာအရင်းမြစ်ဖြစ်သည့် အဖေဖြစ်သူကိုလား ?ဒါတွေကပြီးခဲ့ပါပြီ။ ဘယ်အချိန်သေမှန်းမသိရတဲ့ အားနည်းနေတဲ့ခန္ဓာကိုယ်ကြောင့် လက်တုံ့ပြန်ချင်ရင်တောင်မဖြစ်နိုင်တော့ပေ။
သေမထူးနေမထူးဘဝမှာ စိတ်ထဲရှိရာတွေလုပ်ဖို့သာဆုံးဖြတ်လိုက်တော့သည်။ နှင်းတွေဖုံးလွှမ်းနေတဲ့ခြံဝန်းထဲသို့ ခြေအိတ်တောင်မဝတ်ဘဲ ခြေဗလာဖြင့်ထွက်လာခဲ့သည်။ ဖြူဖွေးနေတဲ့နှင်းတွေထက် လှပစွာကြွေကျနေသည့်မက်မွန်းပန်းဖတ်များ။
တကယ်ဆိုသစ်တော်ပန်းအဖြူတွေကိုမြင်ချင်နေခဲ့တာ။ သစ်တော်ပန်းတွေကနွေဦးမှပွင့်မှာဆိုတော့ သူအဲ့အချိန်ထိရှိပါ့ဦးမလား ?
နှင်းတစ်ဆုပ်ကိုလက်ဗလာဖြင့်ယူမိတော့ ထုံကျင်အေးခဲသွားတော့သည်။ နှင်းလုံးလေးတွေလုပ်ကာ တစ်ယောက်တည်းဆော့ဖို့ကြံရွယ်နေသည်။ နောက်ဆုံးနှင်းလုံးလေးလုံးဖို့ နှင်းတစ်ဆုပ်ယူလိုက်သည့်အခါတွင် နှင်းတွေကြားထဲမှ
မျက်ဝန်းပြာတစ်စုံကိုတွေ့မိလိုက်သည်။
YOU ARE READING
The Longest ( Hopeless ) Promise.
Historical FictionThe moon that I can't never reach.