~ ကိုယ့်ရဲ့မျှော်လင့်ချက်လေး ကိုယ်ရှင်သန်ရာအကြောင်းပြချက်လေး ~
ရှောင်းကျန့် ရိပေါ်ဘေးနားမှထွက်သွားဖို့ ဘာကြောင့်ဝန်လေးနေမိမှန်းမသိပေမဲ့လည်း ဆုတောင်းကိုဖြည့်ဆည်းပေးဖို့အတွက်
ထွက်သွားဖို့လိုအပ်နေလေသည်။မသွားခင် ရိပေါ်ရဲ့နှလုံးသွေးကိုထုတ်ယူဖို့ လိုအပ်နေသေးသည်။
" ထပ်ပြီးမစဥ်းစားတော့ဘူးလား ? နှလုံးသွေးကိုထုတ်ရင်မင်းရဲ့သက်တမ်းက ဒီထက်ပိုပြီးနည်းသွားမှာ"
" ကိစ္စမရှိဘူး။ ငါ့သက်တမ်းမရှည်တာငါသိတယ်။ ငါမသေခင်ငါဖြစ်ချင်တာလုပ်ရမှဖြစ်မယ်။ အဲ့ဒါပိုအရေးကြီးတယ်။"
"ကောင်းပြီ ငါ့မျက်ဝန်းကိုကြည့် "
ကောင်းကင်လိုပြာလဲ့နေတဲ့မျက်ဝန်းပြာတွေကို မေ့မောစွာငေးကြည့်နေရင်း သွေးရောင်အနည်းငယ်သာရှိသည့်နှုတ်ခမ်းကို ကြည့်မိသွားသည်။
နာကျင်မှုကြောင့်မျက်ခုံးတွန့်သွားပြီး ရှေ့သို့ငိုက်ကျသွားတော့ ဖမ်းဆုပ်လိုက်သည့်အေးစက်သည့်လက်တွေနဲ့အတူ ထွေးပွေ့ခံလိုက်ရသည့်နှုတ်ခမ်းတစ်စုံ။
ဒီမြွေလေး ဘယ်ကနေသင်လာခဲ့တာလဲ ?
အေးစက်တဲ့နှုတ်ခမ်းတွေကပူနွေးလာကာ နာကျင်မှုတွေတောင်မေ့လျှော့သွားသည့်အထိပင်။
နိုးလာသည့်အခါ အေးစက်သည့်အရာတစ်ခုကို ခေါင်းအုံးမိထားပြီးရင်ဘတ်ကလည်းလေးလံနေသည်။မင်းအမြီးနဲ့ငါ့ကိုပတ်ထားစရာတော့မလိုဘူးလေ။
ရိပေါ်နိုးလာတော့ ရှောင်းကျန့်မှာလူပုံအသွင်ပြောင်းလိုက်သည်။
" မင်းနိုးလာပြီဆိုတော့ ငါသွားတော့မယ်။ ခြောက်လ မဟုတ်ရင် တစ်နှစ်အတွင်းပြန်လာခဲ့မယ်။"
" အင်း "
မျက်နှာချင်းမဆိုင်ဘဲပြန်ဖြေလိုက်သည့်ရိပေါ်ကြောင့် ရှောင်းကျန့်ပြန်လှည့်လာခဲ့သည်။ အေးစက်သည့်အထိအတွေ့က ပါးနှစ်ဖက်သို့ထိတွေ့လာပြီး မျက်နှာကိုမော့ခိုင်းလာသည်။
ရိပေါ်မျက်လွှာကိုချလို့ ရယ်လိုက်သည်။
" မင်းသွားဖြစ်တော့မှာလား ?"
YOU ARE READING
The Longest ( Hopeless ) Promise.
Historical FictionThe moon that I can't never reach.