P - 2

2.1K 216 4
                                    

~ မျှော်လင့်ချက်ကမင်းနဲ့မှဖြစ်တည်လာတာ ~

" မင်း နတ်ဘုရားအဖြစ်ရောက်အောင်
ကျော်ဖြတ်ဖို့ သာမန်လူတစ်ယောက်ရဲ့ဆုတောင်းပါတာပေါ့ "

ထိုအထက်စီးဆန်လှတဲ့လူ မဟုတ်သေး။ မိစ္ဆာကသူ့ရဲ့များပြားလှသောမေးမြန်းမှုတွေကို ပေါ်တင်လျစ်လျူရှုပြီး နောက်ဆုံးတစ်ခွန်းကျမှ
ခေါင်းကိုခပ်သာသာညိတ်လာသည်။

ဟ ဘယ်လိုတောင်ချေမိုးနေရတာလဲ !

မာနကြီးလှပါတယ်ဆိုတဲ့ဒုတိယသခင်လေးဝမ်ရိပေါ်မှာ ဘာမဟုတ်တဲ့မြွေတစ်ကောင်ကြောင့် မာနတွေမီးမြှိုက်ခံနေရတော့သည်။

ထားပါလေ သေခါနီးလူတစ်ယောက်ကပြိုင်ငြင်းနေတော့ရော ဘာရမှာမို့လို့လဲ ?

"ဆုတောင်းကဘာလဲ ?"

အပြင်တွင်ကျဆင်းနေသည့်ဆီးနှင်းတွေထပ် အေးစက်လွန်းလှသည့်လေသံကြောင့် ရိပေါ်သွားတွေအချင်းချင်းရိုက်လာသလို ခံစားလာရသည်။

အပြင်မှာနေတာကြာသွားလို့နေမယ် စောင်ထဲပြန်နေမှပဲ။

" ဆုတောင်းကဘာလဲ !"

အေးစက်သထက်အေးစက်လာတဲ့လေသံက ရိပေါ်ကိုမတုန်လှုပ်နိုင်ပေ။ ဘာလို့ဆိုသူကအရမ်းအေးနေလို့ပဲဖြစ်သည်။

"မရှိဘူး ။ နောက်တစ်ယောက်ကိုသွားရှာလိုက်"

စောင်ထဲဝင်နေသည့်တိုင်အေးနေဆဲကိုယ်ကြောင့် ရိပေါ်တုန်ရီလာတော့သည်။

အေးခဲရင်းသေသွားတော့မလားပဲ။

အဖြူရောင်မြွေလေးရဲ့မျက်ဝန်းပြာတွေမှာ ဖန်သလင်းတွေထက်ပိုကြည်လာပြီး တစ်ခန်းလုံးအအေးဓာတ်တွေဖုံးလွှမ်းလာတော့သည်။

လူသတ်ဖို့တားမြစ်ထားသည့်ကျင့်ကြံခြင်းကြောင့် မျက်လွှာကိုချလိုက်သည့်အခါ အခန်းထဲရှိအအေးဓာတ်မှာပျောက်ကွယ်သွားပြီး နွေရာသီကိုရောက်နေသည်လို့ထင်မှတ်ရသည်အထိ နွေးထွေးလာတော့သည်။

လူသားတွေကလိုအင်ဆန္ဒများလွန်းတယ်။ ဒီလူသားကလည်း အနှေးနဲ့အမြန်သူ့ဆီမှာဆုတောင်းလာမှာပဲ။ အဲ့မတိုင်ခင်ဒီလူသားမသေဖို့
အကောင်းဆုံးစောင့်ရှောက်ပေးရမယ်။

 The Longest ( Hopeless ) Promise.Dove le storie prendono vita. Scoprilo ora