{Unicode version ☘️}
တင်တင်လည်းရှိုင်းနောင်နဲ့လေပေါနေတာထမင်းစားချိန်တောင်နီးတော့အိမ်ပြန်လာခဲ့ပီလေအိမ်မှာအငယ်တယောက်နဲ့ပိုင်ပိုင်တို့ရှိသေးတယ်....ခြံထဲအဝင်အိမ်ပေါက်ဝမှာငုတ်တုတ်စကားများကြသောကလေးပေါက်နှစ်ယောက်လူလာတောင်မတွေ့ပဲဘာတွေပြောနေကြသလည်းစပ်စုလိုသဖြင့်
"ဟေ့…"
"အမလေး…ငုတ်တုတ်ကြီးရယ်"
"အာ…မမရယ်လန့်လိုက်တာ"
"အေးလေမကြီးတင်ကလည်းသားဖြင့်လန့်သွားတာပဲအသံပေးမှပေါ့"
ကလေးပေါက်နှစ်ယောက်ကိုခေါင်းခေါက်ပီးတင်တင်ကဒီလိုဆိုပြန်တယ်
ခွပ်...!
"ကဲ…!မှတ်မပါလားဒီကလေးနှစ်ယောက်ကျုပ်လာတာတောင်ရှင်တို့နှစ်ယောက်ကမတွေ့ပဲနဲ့"
"အာရာ…နာတယ်ရယ်"
"နာလိုက်တာမမရာ"
"နာအောင်လုပ်တာလာခဲ့ကွပ်ပစ်ပေါ်"
တင်တင်အရှေ့ကဦးဆောင်ပီးကွပ်ပစ်ပေါ်လာပီးကလေးနှစ်ယောက်ကအနောက်ကနေနှုတ်ခမ်းဆူပီးလိုက်လာလေရဲ့
"ကဲ…ဆိုဘာတွေပြောနေလို့ကျုပ်လာတာမတွေ့တာလည်းပြောပါအုံး"
တင်တင်ကစကားစတော့ရဲလေးကပိုင်ပိုင်ရဲ့ပုခုံးကိုပုတ်ပီး
"ဒီကောင်ပေါ့မမရယ်…သူ…သူ.
အွတ်…အွန့်"ရဲလေးပါးစပ်ကိုအလျင်မြန်အောင်ပိတ်လိုက်ရတယ်တော်ကြာမကြီးတင်သိသွားရင်ဒုက္ခမဟုလား
"ဘာမှမဟုဘူးမကြီးတင်'ဟိးး"
"ဟဲ့…ပြောကြစမ်းအမှန်တိုင်းပြောနော်"
ရဲလေးရဲ့ပါးစပ်ကိုပိတ်ထားတဲ့လက်ကိုလွှတ်ချလိုက်ပီးပိုင်ပိုင်လက်ဝါးချင်းပွတ်နေပီစကားစဆိုတယ်
"အမှန်တိုင်းပြောရင်သားကိုမဆူနဲ့နော်မကြီးတင်"
"ဟုတ်ပါပီရှင်…!ပြောပါအုံးမကြီးကို"
"ဟျောင့်…!ရဲလေးပြောပြလိုက်တော့"
"သူပြောမလိုနဲ့ဒီမအေဘေးကတော့"
YOU ARE READING
ယော်...ခက်ပြီ (Complete)
Short Storyပထဆုံးစဖတ်သူများအနေဖြင့် စာမပြင်ရ သေးတာရယ်ကြောင့် အမှားများစွာရှိ နေပါတယ်အဆင်မပြေတဲ့ စာဖတ်သူများအား မဖတ်သေးရန် ပြောပါရစေဗျ 7.1.2022 ☞︎︎︎ 16.3.2022