(Unicode version ☘️)
ကိုကိုကြီးကပိုင်ပိုင်နဲ့အတူကိုလရောင်အိမ်ကနေပြန်လာပီး
"ကိုကိုကြီးထမင်းစားမလားသားပြင်ထားတော့မယ်နော်..!"
ရှိင်းနောင်လရောင်ဘက်အားပြန်လှည့်လာပီး
"ဗိုက်ဆာနေပီလား..?ပြင်ထားလိုက်လေကိုကိုကြီးရေချိုးအုံးမယ်..!"
ကိုကိုကြီးဟာခနလိုငိုမနေတော့ပါအရင်ပုံစံတိုင်းပါပဲဒါမဲ့နဲနဲတော့တိတ်ဆိတ်နေသလို
"ကိုကိုကြီးရေချိုးလို့မပီးသေးဘူးလား"
ထမင်းစားဖို့စားပွဲမှာထိုင်စောင့်ရင်းပိုင်ပိုင်အော်ပြောလိုက်သည်
ရှိင်းနောင်ရင်တွေအရမ်းပူနေသဖစ်ရေကိုခေါင်းပေါ်ကလောင်းချိုးပီးခေါင်းလျှော်ပစ်လိုက်သည်ခေါင်းပေါ်ကနေကျလာသည်ရေနှင့်အတူမျက်လုံးထဲကမျက်ရည်များနဲ့ရောပီးကျကုန်ပီ....ရှိင်းနောင်ပိုင်ပိုင်အသံကြားမှ..သတိဝင်လာပီး
"ရွှတ်...လာပီပိုင်ပိုင်ရေ"
ရှိင်းနောင်ရေလဲပုဆိုးဝတ်ပီးအခန်းထဲကစွတ်ကျယ်အင်္ကျီကိုဝတ်ပီထွက်လာတော့ထမင်းစားပွဲကိုလက်လေးထောက်ပီးစောင့်နေတဲ့ပိုင်ပိုင်..
'အင်းးးကိုယ်စိတ်မထိန်းပဲငိုချပစ်ချင်တယ်သို့သော်'
ပိုင်ပိုင်ကိုရပ်ကြည့်နေတဲ့ကိုကိုကြီးကိုမြင်တော့
"လာလေကိုကိုကြီး..!"
"လာပီဗျာလာပီ"
ထမင်းစားပွဲဟာအရင်လိုမဟုတ်တော့ပဲပိုမိုတိတ်ဆိတ်နေသည်စားသောက်ပီးသွားတဲ့အခါကိုယ့်ပန်းကန်ကိုယ်ဆေးပီးလုပ်စရာရှိတာလုပ်ပီးရှိင်းနောင်ကတော့ညနေစာမစားတော့ပဲကိုယ့်အခန်းကိုယ်သာပြန်ကျတော့သည်
ပိုင်ပိုင်တယောက်အိပ်ယာထဲတွင်
'ကိုကိုကြီးကတအားဝမ်းနည်းနေမှာပဲဟင့်...ဟိုဦးလေးကြီးကလည်းလက်ခံပေးလိုက်တာမဟုတ်ဘူးသူကိုခြေထောက်ဖတ်တောင်းပန်နေတာတောင်...ဟင့်ငါ့ကိုကိုကြီးကိုသနားလွန်းလို့ဘယ်လိုလုပ်ရမလည်း...!ကိုကြီးလရောင်ကလည်းငါ့ကိုကိုကြီးကိုအတင်းနှင်ထုတ်တယ်ရယ်...ကြည့်နေသူ့တို့သူများအိမ်ကိုလာရင်ပြန်နှင်ထုတ်ပြမယ်ဟင့်...ငါ့ကိုကိုကြီးဟင့်...ကိုကြီးရောင်ဖြာကနဲ့ငါနဲ့ကရောဖစ်ပါ့မလား...အင့်သိတော့ဘူးးး'
YOU ARE READING
ယော်...ခက်ပြီ (Complete)
Short Storyပထဆုံးစဖတ်သူများအနေဖြင့် စာမပြင်ရ သေးတာရယ်ကြောင့် အမှားများစွာရှိ နေပါတယ်အဆင်မပြေတဲ့ စာဖတ်သူများအား မဖတ်သေးရန် ပြောပါရစေဗျ 7.1.2022 ☞︎︎︎ 16.3.2022