Unicode
❣ရင်ခုန်သံ စည်းချက်❣
Part-1
Mew လေဟာနယ်ထဲရောက်နေသလိုခန္ဓာကိုယ်ကြီးကလည်းပေါ့ပါးနေတယ်။ငါဘယ်ရောက်နေတာလဲဆိုပြီး တွေးနေပေမဲ့စဥ်းစားမရဖြစ်နေမိတယ်။
Mewလည်း ခြေဦးတည့်ရာလျှောက်နေမိတယ်။လူတစ်ယောက်ကိုမြင်လိုက်ရတော့Mew အားတက်သရော မေးလိုက်ပေမဲ့...
"ဒီမှာ...ကျွန်တော့်ကို တစ်ချက်ကူညီပါ "
" ...... "
" ဖုန်းလေးတစ်ချက်လောက် ဆက်ခွင့်ပေးပါ ကျွန်တော် လမ်းပျောက်နေလို့ "
Mew အသည်းအသန်ပြောနေပေမဲ့သူ့ကိုထိုလူကမမြင်ပဲ သွားမြဲတိုင်းလမ်းကိုသွားနေပါတော့သည်။
" ဟာ...ဘာတွေလဲကွာ ကျွန်တော့်ကိုမမြင်ဘူးလား ဘယ်သူမှ ကျွန်တော့်ကိုမကယ်နိုင်ကြတော့ဘူးလား "
Mew စိတ်ပေါက်ပေါက်နဲ့ ငိုလည်းငိုမိတယ် ပြီးတော့ အသံအကျယ်ကြီးအော်
ဟစ်နေမိတယ်....တစ်ဖက်မှာတော့..
" ဟုတ်ကဲ့ အန်တီ လိုအပ်တဲ့စာရွက်တွေယူခဲ့ပြီး ကျွန်တော်တို့ဘဏ်ကိုပြန်လာခဲ့ပါဗျ "
" အေးပါကွယ် အန်တီထပ်ပြင်ဆင်ပြီးတော့ ပြန်လာခဲ့ပါ့မယ် "
Gulf က ဘဏ်စာရင်းကိုင်ဆိုတော့သူ့ကို
လွှဲလာတဲ့ ကိ္စ္စမှန်သမျှကို သေချာရှင်းပြပေးရတယ်လေ။Gulf လုပ်ငန်းခွင်မှာမိတ်ဆွေတွေအများကြီးမထားတတ်ပေမဲ့ Champဆိုတဲ့တစ်
ယောက်နဲ့တော့ ခင်ခင်မင်မင်ရှိကြလေတယ်။" Gulf ထမင်းသွားစားကြမယ်လေ "
" အေး သွားကြတာပေါ့ "
ထမင်းစားချိန်နားတော့Champလာခေါ်
တော့ အလုပ်နဲ့နီးတဲ့ထမင်းဆိုင်ကိုပဲထွက်လာခဲ့ကြပါတော့သည်။" မင်း ဘာမှာဦးမလဲ "
" ဝက်ထမင်းပေါင်းတစ်ပွဲကွာ ရပြီ "
" အေး....ညီရေ ဒီကိုတစ်ချက်လောက် "
Champ စားပွဲထိုးလေးကိုလှမ်းခေါ်ပြီးအစားအသောက်တွေကို မှာယူလိုက်ပါတော့သည်။