💚arc1❤️

714 81 25
                                    

Uni



System ကတော့ host ဖြစ်သူကိုကြည့်ကာ
အံ့ဩနေလေသည်။

စီနီယာမမတွေပြောတာကတော့
ပုံရိပ်ယောင်ကမ္ဘာထဲရောက်တာနဲ့
သေလောက်အောင် ခေါင်းကိုက်ဝေဒနာကိုခံစားရသည်တဲ့လေ.....

System ခေါင်းမာ ?? ဖြတ်ပြေးလျက်....

(Host ခေါင်းမကိုက်ဘူးလား)

(ကျန့်ထားသွားတဲ့ နာကျင်မှု့သေးသေးလောက်တောင် မရှိဘူး)

အမလေး system အားကျပြီ ༎ຶ‿༎ຶ

(ဒါဆို ဇာတ်ကြောင်းပို့ပါပီနော)

(အင်း)

ဇာတ်ကြောင်းထဲတွင်

'ခန့်မင်းသော်' နဲ့ 'အေးမြတ်သဇင်'တို့က
ငယ်ငယ်ထဲက ခင်လာတဲ့ just friend တွေ.....

သူတို့ဘဝလေးထဲကို ဝင်ရောက်လာတဲ့
တတိယလူ 'သျှားဆစ်ကို' ကဂေးတစ်ယောက်ဖြစ်ပြီး 'ခန့်မင်းသော်'ကိုမြင်မြင်ချင်း ချစ်မိသွားတယ်။

'အေးမြတ်သဇင်'ကလဲ 'ခန့်မင်းသော်ကိုငယ်ငယ်ထဲကချစ်နေပေမယ့် ဖွင့်မပြောဘူး သူငယ်ချင်းသံယောဇဉ် ပျက်သွားမှာဆိုးလို့.....

'သျှားဆစ်ကို'က လိုချင်တာကို မရ ရအောင်ယူတတ်တဲ့လူစားမျိုး....
ငယ်ငယ်ထဲကလိုချင်တာတွေရခဲ့သူမလို့
သူလိုချင်တာကိုတခြားသူယူခဲ့ရင်
အက်လူကိုဖျက်ဆီးတတ်တယ်....

'ခန့်မင်းသော်'ကိုလိုချင်တယ် 'အေးမြတ်သဇင်'က
ဆူးခလုတ်ဖြစ်နေတာကြောင့်...

'ခန့်မင်းသော်'ရှေ့တွင် 'အေးမြတ်သဇင်'ကိုကောင်းပြပြီး ကွယ်ရာကျ လူယုံတွေနဲ့ အနိုင်ကျင့်ခိုင်းတယ်...

'အေးမြတ်သဇင်'ကို ယောက်ျားသုံးလေးယောက်နဲ့
အိပ်ယာပေါ်ကကိစ္စကိုvd ရိုက်ကူးကာ
လိုင်းပေါ်တွင်ပျံ့စေလိုက်သည်။

'အေးမြတ်သဇင်'ကအရမ်းရှက်ကာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တယ်။
'ခန့်မင်းသော်'က အမှန်တရားကိုရှာဖွေခဲ့သော်လဲ
'သျှားဆစ်ကို'က လက်ဦးမှု့ရယူခဲ့တာမလို့
နောက်ဆုံးလက်လျော့ကာ'သျှားဆစ်ကို'၏
ကြင်နာမှု့ ယုယမှု့အောက်တွင် အ‌ရည်ပျော်ပြီး
‌ေနာက်ဆုံးပျော်ရွှင်စွာ အဆုံးသတ်သွားလေတော့သည်.....

Young SystemМесто, где живут истории. Откройте их для себя