သူမရဲ့ ငိုကြွေးသံကို မိုးနတ်မင်းကြီးကပါ ကြားသည်ထင်။သည်းကြီးမည်းကြီးရွာနေလိုက်တာ။သူမမျက်ရည်စက်များလည်းမိုးနဲ့အတူပါသွားပေမယ့် သူမရင်ထဲကပူဆွေးမှုကတော့.........
တရားဟောဆရာရဲ့စကားတွေကသူမရင်ကိုမအေးမြစေပါ။
သူမရပ်နေတာက သူမသိပ်ချစ်တဲ့ Appa ရဲ့ရှေ့မှာ။Appa ကသူမကို ပြုံးပြီးကြည့်နေသည်။ဒါပေမယ့်အသက်မ၀င်တော့တဲ့အပြုံးတွေပါ။ခဏကြာတော့ လူတစ်စုက Appa ကိုသူမ လုံးဝမမြင်နိုင်တော့တဲ့နေရာကို ပို့လိုက်ပါသည်။
"ဤလူသားသည် ဘုရားသခင်ရှေ့မှောက်မှာ ထာဝရအိပ်စက်သွားပါပြီ အာမင်"တရားဟောဆရာ၏စကားအဆုံးမှာသူမ မြေကြီးထက် ပုံလျက်သားကျသွားတော့သည်။
သူမပြောနိုင်တာတစ်ခုကတော့.......
Appa...................
~~~~~~~~~~~~~~
နှစ်လဆိုတဲ့အချိန်လေးအတွင်းမှာ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှသည်။အေးချမ်းလှတဲ့ သူမတို့ဘ၀ထဲကို ဘယ်လိုမှမှန်းဆလို့မရတဲ့အဖြစ်အပျက်ဆိုးကြီးက ၂ လအတွင်းဝင်ရောက်လာပြီး သူမတို့ရဲ့ဘ၀ တစ်စိတ်တစ်ပိုင်းတို့ကို ၀ါးမြိုသွားလေတော့သည်။သူမကိုယ်တိုင်ပင်မယုံနိုင်ခဲ့။သူမ appa ကသူမ လက်ပေါ်မှာပဲဆုံးရှာသည်။appa သေတဲ့နေ့က အဖြစ်အပျက်ကို သူမ တစ်သက် မမေ့နိုင်။appa မှာခဲ့သော စကားတွေကိုလည်း.............
~~~~~~Flash Back~~~~~
Lay Sanchu ဆုံးပြီးတော့ အသုဘကိစ္စကို appa တို့ကပဲဦးဆောင်ပြီးလုပ်ကြသည်။Xiumin ကတော့ခုချိန်ထိ မယုံနိုင်သေး။အကုန်လုံးကလည်း နားမလည်နိုင်။Lay Sanchu အသုဘကိစ္စပြီးတော့ အားလုံးအိမ်ပြန်ကြသည်။အကုန်လုံးလဲပင်ပန်းနေကြပြီကို။ထိုနေ့က BooWon စောစောပဲအိပ်ပျော်သွားသည်။နောက်နေ့ ကျောင်းသွားတော့ Xiumin ကျောင်းမတက်သေးပါ။သူ့အတွက်အနေကျဖို့လိုသေးသည်ကို။သူငယ်ချင်းတွေလည်းစကားမပြောဖြစ်ကျ။