![]()
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra. နေကပူရတဲ့ကြားထဲ ရောင်းရမှာတွေကလည်း မကုန်နိုင်သေးဘူး။ ဒီနေ့ ဒါလေး ကုန်အောင် ရောင်းနိုင်မှ ခြံရှင်ဘောစိက ကြည်ဖြူမှာ။ ခြံအလုပ်သမားတွေ နဲ့ ဆင်တူ ဝတ်ထားရတဲ့ ဒီဝတ်စုံကြီးကလည်း ထူလိုက်တာ တအားပဲ။
မနက်အစောကတည်းက ဒီကားထဲမှာ ခွေခေါက်နေနေရတာ။ လူလည်း နံစော်စုတ်ပြတ်နေပြီ။ လူရုပ်မှ ထွက်သေးရဲ့လား မသိဘူး။
နည်းနည်း အပူလေးများ သက်သာမလားလို့ မျက်နှာကို တစ်သျှူးအစိုနဲ့ သုတ်မလို့ လိုက်ရှာတော့ သူထိုင်နေတဲ့ ကားခေါင်းခန်းထဲမှာ ရှာမတွေ့။ ယွီပင်းဆီမှာများ ပါလာမလားလို့ အပြင်ထွက်ပြီး ရောင်းကုန်တွေ ခင်းထားတဲ့ ထရပ်ကားနောက်တွဲဆီ သွားလိုက်တယ်။ ကားရှေ့မှာ ချခင်းထားတဲ့ ခြင်းတစ်ခုက ယိုင်နေတာမို့ မှောက်မကျခင် ပြန်ပြင်နေတုန်း နောက်ကျောဘက်ကနေ ကြားလိုက်ရတာက ဘောက်ဆတ်ဆတ် အသံတစ်ခု။
"ဟေ့ ဟိုတစ်ယောက် ရေခဲမုန့်စားမလား။"
မျက်မှောင်ကုတ်ထားတဲ့ မျက်နှာလေးက နုအိနေပြီး နေပူဒဏ်ကြောင့် ထင်သည် ပါးနှစ်ဖက်က ခပ်ရဲရဲနဲ့။ ဘာရယ်မဟုတ် ယောင်ရမ်းပြီး ပါးစပ်က လွှတ်ခနဲ . .
"အင်း"
အရည်ပျော်ခါနီးနေတဲ့ ချောကလက် ရေခဲမုန့်ကို လက်ထဲထည့်ပေးပြီး လှည့်ထွက်သွားတဲ့ ကောင်လေးက အဝါရောင်လက်ရှည် တီရှပ်အပွကြီးနဲ့ ဘောင်းဘီတို ကာကီရောင်နဲ့။ နှုတ်ခမ်းက ထော်နေသေးတာ ကြက်ပေါက်စလို ချစ်စရာ။ ပါးကလည်း ဖောင်းဖောင်းနဲ့။ ရှောင်းကျန့် လက်ထဲက ရေခဲမုန့်ကို ခပ်ပြုံးပြုံးကြည့်ရင်း လျှာနဲ့တို့ မြည်းကြည့်လိုက်တယ်။

ESTÁS LEYENDO
Adventure for more than 50
FanfictionJust a been together story like Bammmm . . . HaHa