အပိုင်း ၂

2.8K 186 31
                                    

ပတ်ဝန်းကျင်သည် သည်းကြီးမည်းကြီးရွာသွန်းနေသောမိုးကြောင့် မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်းမမြင်ရ။

မည်းမှောင်နေသည့်ပတ်ဝန်းကျင်တွင် ဗန်ကား၏ မီး‌နှစ်လုံးသာ ခပ်လင်းလင်းထွက်ပေါ်နေပြီး လမ်းမတစ်လျှောက်တရွေ့ရွေ့နှင့် ခြံဝန်းကျယ်တစ်ခုထဲ ထိုးဝင်လာ၏။

သုံးထပ်တိုက်အိမ်ကြီး၏ ပေါ်တီကိုရှေ့တွင် ထိုဗန်ကားဖြူထိုးရပ်ကာ စက်သတ်လိုက်ပြီးနောက် ရှေ့ခေါင်းခန်းထဲမှ အမျိုးသားတစ်ယောက်ဆင်းလာသည်။

တစ်စုံတစ်ခုကို အလိုမကျသလိုနှင့် ထိုလူ၏ မျက်နှာထားဟာ အနည်းငယ်ခက်ထန်လို့နေ၏။

“မြန်မြန်လုပ်ကြ‌ဟေ့”

အိမ်မကြီးတံခါးဖွင့်ကာထွက်လာသူက တံခါးတဖက်တွင်ကပ်ရပ်ကာ အတွင်းမှ ၁၅ အရွယ်ရှိ ကလေးတို့အား ပြောလိုက်သည်။

မိန်းကလေးငါးယောက်အုပ်စုကလေးဟာ ကြောက်‌ကြောက်လန့်လန့်နှင့် အလျိုလျို အိမ်ထဲမှထွက်လာကြပြီး ဖွင့်ပေးထားသော ဗန်ကားထဲ ဝင်သွားကြသည်။

“နည်းလှချည်လား”

ဗန်ကားမောင်းလာသူကပြောလိုက်သဖြင့် အိမ်တံခါးနားရပ်နေသူကခေါင်းညိတ်သည်။

“ဒီလအတွက်က သူတို့တွေပြည့်တာ နောက်အပတ်လည်း ၇ယောက်ထပ်ရမယ်”

ထိုစကားကြောင့် ဗန်ကားမောင်းသူကခေါင်းတဆတ်ဆတ်ငြိမ့်၏။

“‌ကောင်းပြီလေ နောက်အပတ်ကျပေါင်းရှင်းဖို့ ဒေါက်တာဟိန်းကိုပြောလိုက်မယ်”

ဗန်ကားမောင်းသူက ကားပေါ်ပြန်တက်သွားကာ ထိုအိမ်ခြံဝန်းကြီးထဲမှမောင်းထွက်သွားလေတော့သည်။

***

“ရွှတ်”

“ဟင့်”

ထိုအသံက ကလေးဆီမှထွက်လာသည်မမှတ်လေနှင့် မင်းထက်ဆီမှထွက်လာခြင်းသာ။ ကလေးကို မပေးလို့ ‌အိမ်ကိုခေါ်လာပြီး ဧည့်ခန်းထဲမှာ သူက ခပ်လှမ်းလှမ်းတွင်ထိုင်ကြည့်နေရုံလေးကို ငိုနေပြန်တာ။

သူဘာလုပ်ရသေးလို့လဲ။ သူ့နောက်မှာ ရစ်ခ်နဲ့ ဇေရန်က မျက်နှာကြီးတွေတည် လက်နောက်ပစ်ကာ စူးစိုက်ကြည့်ရင်း ရပ်နေရုံလေးတင်ကို။

The Legacy (Complete)Where stories live. Discover now