အပိုင်း ၂၀ ဇာတ်သိမ်း

3K 155 34
                                    

“ကြာလိုက်တာ၊ မင်းတစ်ယောက်တည်း ကမ္ဘာတည်မနေနဲ့”

‌‌ညီဖြစ်သူရာရာက စကားပြောလျှင်ပင် ရိုင်ယန့်ကိုသာ မှိုချိုးမျှစ်ချိုးပြောလေ့ရှိပြီး သူ့ကိုတော့ မထိခိုက်‌စေရန် စကားလုံးတွေ ရွေးပြောလေ့ရှိသည်။

“ဘာလဲ၊ မနာလိုတာလား၊ မကျေနပ်ရင် ကာကာ့ကိုဖွင့်‌ပြောပြီး မင်္ဂလာဆောင်ကြလေ”

မိဘတွေကြားထဲလည်းမချန် ထပြောလေသည့်ရိုင်ယန်ကြောင့် ဖွင့်မပြောရသေးသည့်ရာရာက ဒေါခွီးပြီး ကာကာကတော့ သောက်နေသည့်ရေပင်သီးသည်။

ကာကာ့မိဘနှင့် ရာရာ့မိဘတို့ကတော့ ခပ်ပြုံးပြုံးပေမဲ့ ရိုင်ယန့်ဖေဖေကတော့ ထိုင်ရာမှထကာ ‌ရိုင်ယန့်နောက်စေ့အား ‌ခပ်ကြမ်းကြမ်းတချက်ပိတ်ဆော်လေတော့သည်။

“အား.. ဖေဖေ နာတယ်ဗျ”

“ငါလုပ်ရင် သေတော့မယ်၊ ထိုင်!!”

ရာဇသံပေးလာတော့ သူ့လက်ကိုအသာဆွဲပြီး ထမင်းစားဖို့နေရာတွင် ထိုင်ချလိုက်သည်။

သူလည်း မိဘတွေကြားထဲ မျက်နှာဘယ်ထားရမည်မသိ။ ရိုင်ယန့်လက်ကို သူအရင်စဆွဲ‌တာမှန်စေဦးတော့ မိဘတွေရှေ့ရောက်လို့ လွှတ်ဖို့ကြိုးစားပေမဲ့ ရိုင်ယန်က အလွှတ်မပေးခဲ့ဘူးမဟုတ်လား။

“စား‌နော် သား”

ရိုင်ယန့်လေးလေးက သူ့အားပြုံးကာ ထမင်းဘူးထိုးပေးသည်။
ရိုကျိုးစွာယူရင်း သူကြည်နူးမိရသည်။

ဘွဲ့ယူရသည့်နေ့မို့ မိသားစုတွေအကုန်ထွက်လာပြီး ရိုင်ယန်တို့ကျောင်းပန်းခြံကျယ်တွင်သာ နေ့လည်စာစားကြခြင်းဖြစ်သည်။
စားသောက်ဖွယ်အစုံနှင့် မိသားစုများတော့ ပျော်မိသလို သားကလည်း သူ့အဖိုးပေါင်ပေါ်တွင်ထိုင်ကာ တပြုံးပြုံးနှင့်ပင်။

“ဒါနဲ့ ဂျူလီယာက ဘာလို့မလာတာလဲ၊ တဥတည်းကထွက်လာပြီး အလေးမထားတာလား ဘာလား”

ဘုန်း

“အားးး”

စားရင်းတန်းလန်း နောက်စေ့ကိုဖြတ်ရိုက်သည့် ဂျုလီယာကြောင့် ရိုင်ယန့်စားလက်စတွေပင် ပြန်ထွက်ချင်သွားသည်။
ဂျူလီယာလက်သန်ပြောင်သည်ကတော့ အဖေနှင့်တပုံစံတည်းကိုး။

The Legacy (Complete)Where stories live. Discover now