နံရံပါး(Zawgyi)

266 17 0
                                    

" ချစ်မိသွားရင် မင်းရှုံးပြီနော် နမ်ဂျွန်း "

" ငါ ရှုံးသွားတာ မင်းမြင်ဖူးလား "

လူတစ်ယောက်ရဲ့ နှလုံးသားကို ဗဟိုပြုပြီး သူတို့သူငယ်ချင်းနှစ်ယောက် အလောင်းအစားပြုမိကြတယ်။ လောင်းကြေးစားကြေးက ကြီးသလို ဝဋ်ကြွေး တွေကလည်း မသေး။

ကင်မ်နမ်ဂျွန်းအတွက် ပစ်မှတ်က အရပ်ရှည်ရှည် မျက်မှန်ဝိုင်းလေးနဲ့ စီနီယာသေးသေးလေး။

" တစ်လနော် နမ်ဂျွန်း တစ်လတိတိတွဲရမှာနော် "

နမ်ဂျွန်းသည် ဘာမှပြန်မပြော။ လက်နောက်ပြစ်ကာ သိတယ်ဟူသည့် အမူအရာမျိုးလုပ်ပြ၍ ထွက်သွားသည်။

စီနီယာက ဘယ်မှာရှိနိုင်မလဲ။ ကန်တင်းက cafe မှာ အချိန်ပိုင်းဝင်လုပ်နေမှာလား။ စာကြည့်တိုက်ထဲ ငြိမ်ငြိမ်လေး စာထိုင်ဖတ်နေမှာလား။

နှစ်နေရာထဲက တစ်နေရာမှာတော့ စီနီယာရှိမယ်ဆိုတာ သေချာသည်။

ကန်တင်းကို အရင်သွားကြည့်တော့ cafe မှာ ရှိမနေ။ ဒါဆို စာကြည့်တိုက်ထဲမှာပေါ့။ စာဂျပိုးလေး။

Professor တွေခေါ်တဲ့ လူ့လွယ်အိတ် နမ်ဂျွန်းက မိုးထိလောက်တဲ့အရပ်ရှည်ရှည်တွေ ယောက်ျားဆန်တဲ့ မျက်ဝန်းတွေနဲ့ မျက်နှာအချိုးအစား ၊ တောင့်တင်းတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံတို့ကြောင့် မိန်းကလေးတွေကြားတော့ ရေပန်းစားလေရဲ့။

" ဒီမှာထိုင်လို့ရနိုင်မလားဗျ "

" နေရာလွတ်နေတာပဲ ထိုင်ပါ "

အကို့စကားကခပ်ပြတ်ပြတ်။

" အခုမှ စာစဖတ်မှာမို့ ဖတ်ကောင်းတာလေးတွေ ညွှန်းပေးနိုင်မလား စီနီယာ "

" မင်းဘာသာရွေးဖတ်လေ "

စီနီယာက လူတိုင်းအပေါ် ဖော်ရွေပြီးနွေးထွေးတယ်လို့ ကြားဖူးနေတာ။ထင်သလောက်တော့မဟုတ်ဘူးပဲ။

Agnes Martin:
Paintings,Writings,Remembrances

အပြာရောင် အဖုံးနဲ့ စာအုပ် လှလှလေး

" ဘာစာအုပ်လဲဟင် စီနီယာ "

" Martin ရဲ့ ပန်းချီတွေ စာတွေအကြောင်းပါတယ် စာဖတ်ပျင်းရင် ပုံတွေထိုင်ကြည့်နေ "

ချစ်ခြင်း၏မြစ်ဖျားခံရာ-ချစ်ခြင်း၏မြစ်ဖျားခံရာNơi câu chuyện tồn tại. Hãy khám phá bây giờ