part _1( uni )

88 7 0
                                    

ညှို့နေသော ကောင်းကင်ကြောင့် အနည်းမှောင်နေသည့် ခြံဝင်းအတွင်း ထင်ရူး၊ယူကလစ်၊ဂမုန်း၊ရွက်လှစသည့်အပင်များကစိမ်းစိုနေသည်။

အတော်အတန်ကျယ်ဝန်းသည့်ခြံဝင်းအတွင်း ရဲတိုက်ပုံသဏ္ဍာန်ဆောက်လုပ်ထားသော စံအိမ်ကြီး၏အရှင်သခင်မှာ ဦးဗညားညီညီပင်။

ခြံဝင်းလေးထဲသို့ မော်ဒယ်နိမ့်ကားလေးတစ်စီးမောင်းဝင်လာသည်။ ထိုကားပေါ်မှဆင်းလာသူမှာ အသက်20အရွယ် ကောင်လေးတစ်ယောက်ပင်။

ယောကျာ်းပီသစွာခန့်ညားလွန်းလှသည့်ထိုကောင်လေးမှာ ဆေးကျောင်းသားဖြစ်ဟန်။အသားရောင် shirt လက်ရှည်နှင့်နီညိုရောင်ပုဆိုးကို‌သပ်ရပ်စွာဝတ်ဆင်ထားလေသည်။

6ပေကျော် အရပ်အမောင်းနှင့် အားကစားလိုက်စားပုံရသောခန္ဓာအချိုးအဆစ်တို့ကြောင့်ပျိုမဒီတို့အားကိုးချင်စရာ။

" သား ပြန်လာပြီလား စေက သူ့အခန်းထဲကို လာခဲ့ဖို့ မေမေ့ကိုမှာခဲ့တယ် သွားလိုက်ဦးသား "

" ခုမှ ကျောင်းကပြန်ရောက်တာလေ မေ နောက်မှ "

"မဖြစ်ဘူးသား အခုသွားပါလိုက်သားရယ် စေ ‌အကြောင်းလည်းသိရဲ့သားနဲ့ကို "

စေ..!! စေ ဆိုတာ ငြိုးမာန်စေ !! ဦးဗညားညီညီ၏ တစ်ဦးထဲသောသား တစ်နည်း ခါးတို့၏ ကျေးဇူးရှင်ဆိုလည်းမမှားပေ။ခါး ၈နှစ်သားတုန်းကဖြစ်သည်။ဝမ်းရေးခက်ခဲ့သော ခါး တို့ဘဝတွင် ဖေဖေက လောကကြီးမှဦးစွာထွက်ခွာခဲ့သည်။

ပတ်ဝန်းကျင်နှင့် ဆွေးမျိုးသားချင်းတို့ကြားတွင် ခါးတို့သိမ်ငယ်ခဲ့ရသည်။နိမ့်ချခံခဲ့ရသည်။ခါး စာတော်သည်။သိုပေမဲ့ ကျောင်းဆက်မတတ်နိုင်တော့သည့်အခြေအနေနှင့်ပင် ကြုံခဲ့သည်။

ခါးတို့ ဘဝ ပြောင်းလဲခဲ့သည်မှာ မဟာခြယ်အိမ်ကြီးသို့ရောက်တည်းကဖြစ်သည်။ ဦးဗညား၏အသက်ကို မေမေက ကယ်ခဲ့ဖူး၍ ဤအိမ်ကြီးတွင် ခါးတို့မျက်နှာမငယ်အောင်‌အစစအရာရာပြည့်စုံစွာထောက်ပံ့ကာနေစေသည်။ ထိုနေ့မှစ၍ မေမေက အိမ်ကြီးတွင် အိမ်တော်ထိန်းတစ်ယောက်ဖြစ်လာသည်။

ခါး မဟာခြယ်တွင်နေရသည်ကိုပျော်ပါသည် သို့သော်စေ ဆိုသော အရိုင်းစိုင်းလေးကို မတွေ့ရသည့်အချိန်တို့တွင်ဖြစ်သည်။ခါးထက် လေးနှစ်မျှ ငယ်သော်ငြားအပြောအဆိုရိုင်းစိုင်းသည်။မောက်မာလွန်းသည်။အနှီကောင်လေးကို အရှင်သခင်လို ကျိုးနွံနေရသည်ကို ခါးမုန်းပါသည်။

ဒုတိယမ္ပိ နှလုံးသားWhere stories live. Discover now