စေ့အဘိဓာန်မှာ စေကြိုက်တာလုပ်ပိုင်ခွင့်ရှိသည်။
အဲ့တော့ စေ့သမိုင်းကို စေကိုယ်တိုင်ရေးမည်။ဒါကြောင့် ဘောလ်ပင်လာလာမငှားမိစေ နဲ့ခါး။စေ့ သမိုင်းမှာခင်ဗျားက ဇာတ်လိုက်ဖြစ်ပြီသား။ဒေါသ တစ်ဝက်နှင့် ရှက်စိတ်ရောကာ ခိုကိုးရာမဲ့နေသည့် ပန်းပွင့်လေးကအစ အကိုင်းအခက်တွေအားလုံးကို ခါး ရှင်းလင်းပစ်လိုက်သည်။ထိုအချိန် တွင် တစ်ဖက်ခြံမှ သက်လတ်ပိုင်းခန့် ရှိပြီးအနည်းငယ်ခေတ်ဆန်စွာဝတ်စားထားသည့် အမျိုးသမီး ၏အသံကိုကြားလိုက်ရသည်။
" ဒီမယ် မောင်ရင် ဘာကြောင့်များ အန်တီတို့ ပန်းပင်ကို ခုတ်ရတာလည်း ဘယ်သူဆီကမှ ခွင့်မတောင်းပဲ ဒီလိုမပြုမူသင့်ဘူးထင်တယ် "
" တောင်းပန်ပါတယ် အန်တီ "
" ခင်ဗျားက ဘာလို့တောင်းပန်နေရတာလည်း ဒီမှာ
ဘယ်သူ့ဆီကမှ ခွင့်မတောင်းနိုင်ဘူး ခင်ဗျားတို့အပင်က ကျူးကျော် နေတာလေ "ထိုအမျိုးသမီးပြောသည်မှာ မှန်နေသည်ကြောင့် ခါးတောင်းပန်ရုံမှလွဲ၍အခြားမရှိ။ ထိုအခါ ဘဝင် မကျစွာရိုင်းစိုင်းပြန်သည့် စေ့ကို ဆွဲကာ ဘာပြသနာမှာမရှာဖို့ဆုတောင်းနေမိသည်။
ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် လူ့ပတ်ဝန်းကျင်တွင်အလိုက်သင့်နေတတ်သည့် ခါး အတွက် ကိစ္စမရှိ။သို့သော် စေ ကတော့ တလောကလုံးကို အပိုင်ဝယ်ထားသလို မောက်မာဦးမည်။ယခုလည်း အမေအရွယ်လောက်ကိုပင် သက်တူရွယ်တူလိုရိုင်းစိုင်းနေပြန်သည်။
" မင်း ရိုင်းစိုင်းလှချည်လားကောင်လေး လူ့အသိုင်းမှာနေရင် လူမူ့ရေးနားလည်ရတယ် ဒီအကိုင်းလေးမင်းခြံဘက် ရောက်တာ ဘာတွေများနစ်နာနေလို့လည်း အခုလိုလုပ်ရင်လည်း ပိုင်ရှင်ကို အသိပေးသင့်တယ် "
" မပေးတော့ ဘာဖြစ်လည်း စေလုပ်ချင်ရင် ခင်ဗျားအပင် မပြောနဲ့ ခင်ဗျားအိမ်တောင် မီးရှို့ပစ်လိုက်လိုက်ရတယ် ရှင်းလား "
" စေ လူကြီးကိုအဲ့လောက်မရိုင်းနဲ့လေ ပြန်မယ် လာ "
" မလိုက်ဘူး ခင်ဗျားကဘာလို့သူပြောသမျှ ငြိမ်ခံနေတာလည်း "

YOU ARE READING
ဒုတိယမ္ပိ နှလုံးသား
RomansaAsher ရဲ့ပထမဦးဆုံး fiction ပါ ။ အကောင်းဆုံးကြိုးစားပြီးရေးထားတဲ့အတွက် ဖတ်ပေးတဲ့သူတိုင်းကို စိတ်မပျက်စေဖို့မျှော်လင့်ပါတယ်။