ep(11)

3.3K 201 3
                                    

🌸မောင်🌸
အပိုင်း(၁၁)

ကိုထွေး...ရုံးကပြန်ရောက်လာသည်အထိခေါင်းထဲမှာ...မောင်နဲ့သူဌေးအကြောင်းကိုတွေးမိနေတုန်း။
ခက်တွေ့ခဲ့တာသူဌေးနဲ့...မောင်ဆိုတာအသေချာပင်ဖြစ်သည်။
ဒါဆိုသူဌေးကမောင့်မျက်နှာကြောင့်သူ့ကို...ရာထူးတိုးပေးခဲ့တာပေါ့...။အဲ့လိုသာဆိုရင်တော့...သူဒီရာထူးကိုမလိုချင်။

"တောက်!''

ကိုထွေးမခံချိမခံသာတောက်ခေါက်လိုက်သည်။
မောင်ကလည်း....ကိုယ့်အမေအရွယ်လောက်ကြီးကိုမှချစ်ရလားတဲ့..သူနည်းနည်းလေးမှစိတ်ထဲဘဝင်မကျမိ။

"ဟေ့...ခရေ...''

အစောကြီးဆိုင်ကိုရောက်ချလာသောကိုထွေးကြောင့်....ခရေမျက်မှောင်လေးကြုံ့ကာ...

"ဟယ်...အစောကြီး...''

"အေးဟုတ်တယ်.... နင်နဲ့စကားပြောချင်လို့....''

ကိုထွေးမျက်နှာက...အလိုမကျမှုတွေအထင်းသားပေါ်လွင်နေတာကြောင့်ခရေပင်...အနည်းငယ်လန့်လာသည်။

"ပြောလေ...''

"မောင်အခုတလောဘာတွေလုပ်နေလဲ...''

"ဘာမှမလုပ်ဘူးလေ...ဒီတိုင်းပဲကို...''

ခရေအဖြေကို...ကိုထွေးကမကျေမနပ်နဲ့....သက်ပြင်းချပြီး...

"နင်မသိဘူးလား...အခုတလော..မောင်ကငါတို့သူဌေးနဲ့အရမ်းကိုတတွဲတွဲဖြစ်နေတာ....ငါ့စိတ်ထဲသိပ်ဘဝင်မကျဘူး....''

ကိုထွေးပြောတာဟုတ်နေတာမို့...ခရေငြိမ်ကျသွားသည်။
သူမလည်း....ဒေါ်နန်းမူယာ နဲ့မောင့်ကိုကြည့်ရတာတမျိုးဖြစ်နေသည်။
လိုအပ်တာထက်ရင်းနှီးနေသလို....ပြီးတော့အခုတလော...မောင့်ဆီကကိုထွေးမယ်မယ့်အကြောင်းကိုလည်းပြောတာမကြားရတော့။

"ငါ တော့မောင်နဲ့...ငါ့သူဌေး....ကြိုက်နေကြတယ်လို့ထင်တယ်...''

"ဟုတ်ပါ့မလားဟယ်....''

"ဘာလို့မဟုတ်ရမှာလဲ... ဒီနေ့လည်းရုံးမှာ....သူတို့ဖြစ်နေပုံကိုနင့်ကိုမြင်စေချင်တယ်....ငါတော့မောင့်ကိုနားမလည်တော့ဘူး....မိန်းကလေးချစ်တာငါမပြောလိုဘူး...အခုဟာကရွယ်တူတန်းတူလည်းမဟုတ်...ဟိုကမုဆိုးမ...ပြောရမယ်ဆိုသူ့အမေအရွယ်ကြီး....နင်လည်းကြည့်ပြောအုံး...ငါကပြောလို့မကောင်းလို့....''

မောင်Where stories live. Discover now