ep(16)

2.9K 221 0
                                    

🌸မောင်🌸

အပိုင်း(၁၆)

ရာသီတွေအလီလီပြောင်းလာပေမဲ့လည်း...မောင်ဆိုသည့်ကောင်မလေးဟာ...သခင်မလေးစောဒေဝီအတွက်...အနှိပ်စက်ခံလူသားလေးတစ်ဦးအဖြစ်မှ...ပြောင်းလဲမသွားခဲ့ချေ။

အခုဆို...မောင်ကကိုးတန်း...သခင်မလေးစောဒေဝီက...ဆယ်တန်း..ကိုက်ိုစိုင်းလမင်းမောင်နဲ့သခင်မလေးမိုးဒေဝီက..တတိယနှစ်တောင်တတ်ရောက်နေပြီဖြစ်သည်။
စာမေးပွဲနီးလာပြီမို့....သခင်မလေးစောဒေဝီနဲ့ခွန်စက္ကတို့မှာ.စာအတူလုပ်ကြသောကြောင့်..တပူးပူးတတွဲတွဲ...။
ဒါကိုပင်မောင့်စိတ်ထဲ...အလိုလိုပူလောင်နေမိသည်။
ခွန်စက္က ကိုလည်း...လုံးဝကြည့်လို့မရ။

"ဟေ့!....ကောင်မလေး...''

"ဘာလဲ... ''

ခါး ထောက်ပြီး...မောင့်ကိုခေါ်နေသောခွန်စက္ကကိုမြင်တာနဲ့....နှူတ်မှလွှတ်ခနဲထွက်သွား၏။

"အောင်မာ... နင်က...ဘယ်လိုထူးလိုက်တာလဲ....''

စက္က မကျေမနပ်နဲ့မောင့်ဆီလျှောက်လာတော့သခင်မလေး...ကပါအနောက်မှလိုက်ပါလာလေ၏။

"ပြောစမ်း...ငါ့ကိုဘယ်လိုထူးတာလဲကျွန်မ....''

ရိုင်းစိုင်း ရင့်သီးစွာ ပြောသောစက္ကကိုကြည့်ကာ...မောင်ရင်ထဲမှ...ဒေါသလှိုင်းများတရိပ်ရိပ်တတ်လာ၏။
သခင်မလေးကိုကြည့်လိုက်တော့....​မောင့်ကို ​ကြည့် နေ သောသူမရဲ့မျက်ဝန်းများက....အထင်သေးရွံရှာနေသလို။
ထိုမျက်ဝန်းများကိုကြည့်ပြီး...မောင့်ရင်ထဲကဒေါသများပျောက်ကွယ်ကာ...နာကျင်ဝမ်းနည်းမှုများအလုံးအရင်းနဲ့ဝင်ရောက်လာလေ၏။
အဲ့ဒိ မျက်ဝန်းတွေက...မောင့်ရဲ့အသဲနှလုံးကိုခြေမွနေသလိုပင်။

"စက္ကပြောလည်းပြောချင်စရာပဲ...ပုံစံက်ိုကထောင့်မကျိုးဘူး...''

အစော...နှုတ်ခမ်းလေး...မဲ့ကာ...သူမရှေ့ကဂျစ်ကန်ကန်...မောင်ဆိုသောကောင်မလေးကိုရန်တွေ့လိုက်သည်။
လူပုံကပိန်ရှည်ရှည်...ဖြူသော့သော့နဲ့....ဆံပင်ကအတိုလေးညှပ်ထားတော့...ယောက်ျားလေးတစ်ယောက်ဟန်ပန်နဲ့...။
ဟွန့်!ကြည့်မရလိုက်တာနော်...။

မောင်Where stories live. Discover now