ရိပေါ်က ထွက်ပြေးလာတယ်။ သိပ်ရက်စက်တဲ့ ကိုကို့ဆီကနေ ထွက်ပြေးလာပါတယ်။
ပြေးနေတဲ့ ရိပေါ်က လမ်းထဲက မုန့်ဆိုင်တွေကို ကျော်လာခဲ့တယ်။ ကိုကို့ကို ဖွင့်ပြောဖူးတဲ့ Chamomiles ပန်းခင်းကြီးလည်း ကျော်လာခဲ့တယ်။ ပြီးတော့ ကိုကိုပြန်လာရင် သွားသွားစောင့်ရတဲ့ ဘူတာကြီးကိုပါ ကျော်လာခဲ့ပြီး ဘူတာနဲ့ သိပ်မလှမ်းတဲ့ ရထားလမ်းတဲ့ အထိ ရောက်လာခဲ့တယ်။
ပတ်ဝန်းကျင်က လူသံသူသံတွေ ကင်းမဲ့နေပြီး လူခြေလည်း တိတ်တယ်။ ရထားလမ်းရဲ့ ဘေးပတ်ပတ်လည်မှာလည်း ရိပေါ်ရဲ့ ရင်ဘတ်နားအထိရှည်တဲ့ မြက်ခြောက်ရှည်တွေ ရှိတယ်။
ရိပေါ်က ထိုနေရာကို ရောက်တော့ ပြေးနေတာကို ရပ်တန့်လိုက်ပြီး ခန္ဓာကိုယ်ကို ကုန်းကာ ဒူးနှစ်ဖက်ပေါ် လက်ထောက်လို့ ခြုံးပွဲချငိုပါတော့တယ်။
ဆယ်ကျော်သက်ကလေးဟာ အသည်းဘယ်လိုကွဲရမယ်ဆိုတာ မသိရှာဘူး။
အသက်ဦးကြောင့် ချစ်ခဲ့မိတဲ့ နှလုံးသားဟာ ဦးဦးဖျားဖျား ကြေကွဲရတဲ့အခါ ကလေးငယ်ဟာ ငိုပဲ ငိုတတ်ပါတယ်။
လူပျိုပေါက်ကလေးဖြစ်လာတာမို့ အများရှေ့မှာ ငိုရတာကို ရှက်တဲ့အခါ အဲ့လိုလည်း နေရာရွေးတတ်ပါသေးတယ်။"ရိပေါ်..."
ရှိုက်ငိုသံတွေပဲ ဖုံးလွှမ်းနေတဲ့ ပတ်ဝန်းကျင်မှာ ထွက်ပေါ်လာတဲ့ ကြည်လင်တဲ့ အသံတစ်ခု...။ အသံကြားလိုက်တာနဲ့ ဘယ်သူဆိုတာ ရိပေါ်က သိတယ်။
"ရိပေါ်...ဒီဘက်လှည့်..."
ကိုကိုက...
သူ့နောက်ကို လိုက်လာတဲ့ ကိုကို့ရဲ့ ခြေလှမ်းတွေက...
သူ့နားကို တဖြည်းဖြည်းတိုးလာတယ်။ ရိပေါ်က လှည့်မကြည့်သေးဘူး။ ခန္ဓာကိုယ်ကို အရင်ပြန်မတ်လို့ မျက်ရည်တွေကို လက်ခုံနဲ့ အကြမ်းပတမ်း ဆွဲသုတ်ပစ်လိုက်တယ်။"ရိပေါ်..."
မျက်ရည်တွေကို ဆွဲသုတ်နေတုန်း သူ့ရဲ့ လက်တစ်ဖက်ကို ဆွဲယူကာ ခန္ဓာကိုယ်ကို လှည့်ယူလိုက်တဲ့ ကိုကို။ စိတ်ဆိုးပြီး ဝမ်းနည်းနေတဲ့ ရိပေါ်က ကိုကို့ကို မကြည့်ချင်ပါဘူး။ ဒါကြောင့် ခေါင်းကို မမော့ဘူး။
DU LIEST GERADE
Chamomile ပန်းတွေနဲ့ စောင့်နေမယ် [Completed]
FanfictionXiao Zhan x Wang Yibo Every content includes in this fiction is just my imagination. [Unicode only]