ကိုကို ပြန်လာပြီ ~

3.5K 302 44
                                    

မနက်ခင်းစောစောမှာ ရိပေါ်တစ်ယောက် တစ်ထပ်တိုက်ပုအိမ်လေးထဲမှာ ခြေချင်းလိမ်အောင် အလုပ်ရှုပ်နေပါတယ်။

ဘာလို့လဲဆိုတော့ ဒီနေ့ ကိုကိုပြန်လာမယ်လေ...။

လွမ်းနေခဲ့ရတဲ့ ကိုကိုက ဒီနေ့ပြန်လာတော့ပါမယ်တဲ့လေ။

ကိုကို ပြန်လာရင် ကိုကိုစိတ်မရှုပ်ရအောင် ရိပေါ်က သူတို့နှစ်ယောက် အတူနေတဲ့အိမ်ကလေးကို သန့်ရှင်းရေးလုပ်ရတယ်။ စာအုပ်တွေ ပြန်စီတယ်။ ဧည်းခန်းမှာ ဖုန်တွေသုပ်တယ်။ မီးဖိုထဲက မလိုတဲ့ဟာတွေ ယူပစ်ရတယ်။ အိမ်နောက်က အမှိုက်တွေ ပစ်ရတယ်။ ပြီးတော့ အကြာကြီး တံခါးပိတ်ထားရတဲ့ ကိုကို့အခန်းလေးကို သန့်ရှင်းရေး လုပ်ပေးရပါတယ်။

စောင်တွေ ခေါင်းအုံးတွေကို ထုတ်လှန်းပြီး ကြမ်းပြင်ကို ဖုန်မှုန့်တစ်စက်မှ မရှိအောင် ကြမ်းတိုက်ထားတယ်။ ခန်းစည်းတွေ အသစ်လဲထားပေးတယ်။ ပြီးတော့ စာကြည့်စားပွဲပေါ်မှာ Chamomile တောပန်းကလေးတွေ​။ Chamomile လေးတွေကို မြင်ရင် တစ်စုံတစ်ခုကို သတိရပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထားပေးခြင်း ဖြစ်ပါတယ်။
.
.
.
အိမ်သန့်ရှင်းရေးလုပ်ပြီးတော့ ရိပေါ်က ပဲပေါင်မုန့်လေးကို ပါးစပ်က ကိုက်လို့ စက်ဘီးတစ်စီးနဲ့ ကိုကို့ကို ကြိုဖို့ ဘူတာကို ထွက်ခဲ့လိုက်တယ်။ ရိပေါ်က အရမ်းတက်ကြွနေပါတယ်။

"ဝမ်အငယ်လေး...ဒါက ဘယ်တုန်း"

လမ်းထဲက အဒေါ်ကြီးက ရိပေါ်ကို လှမ်းမေးတယ်။ ရိပေါ်က သူတို့ ရပ်ကွက်ထဲက လူတွေအားလုံးနဲ့ ခင်တယ်။ ခင်ဆို...ကိုကိုက သူမရှိတုန်းစောင့်ရှောက်ပေးဖို့ အပ်ထားခဲ့တာကိုး။ အားလုံးက ကိုကို့ကိုလေးစားကြတော့ သူ့ကို မိသားစုအရင်းအချာလိုမျိုး စောင့်ရှောက်ပေးကြတယ်။

"ကိုကိုပြန်လာမှာလေ အန်တီရှင်း။ ကျွန်တော် ဘူတာမှာ သွားစောင့်မလို့။"

ရိပေါ်က ပြုံးပြီး ပြောတယ်။

"ဟုတ်သားပဲ...။ ဒီနေ့ ဗိုလ်ကြီးရှောင်း ပြန်လာမယ့် နေ့ပဲ။ ဝမ်အငယ်လေးက သူ့ကိုကိုပြန်လာတော့မယ်ဆိုတော့ တအားပျော်နေတာပဲနော်"

Chamomile ပန်းတွေနဲ့ စောင့်နေမယ် [Completed]Dove le storie prendono vita. Scoprilo ora