V 1

3.1K 46 8
                                    

ရပ်​ကွက်​ အတွင်းရှိ ​ဘောလုံးကွင်းတွင်​ သာယာနာ​ပျော်​ရှိ​သော အသံ​လေး တစ်​သံ

" ​ဟျောင့်​ ​တွေ အကုန်​လုံး ဖင်​အရှည်​ကြီး ကုန်းလိုက်
ငါလူးမ သား​တွေ"

ကျောလည်​​လောက်​ရှိတဲ့ ဆံပင်​ အ​ကောက်​​လေး များကို ခရမ်း ပြာ​ရောင်​ ဆိုးထားပီး ဆံပင်​ အားလုံးကို ​မြှောက်​စီးထားပီး ​ဘောလုံး​ဘောင်းဘီ အိကျီ အဖြူ ​ရောင်​​လေးနဲ့ ​ကောင်​​လေး က သူ နဲ့ ခပ်​လှမ်းလှမ်း ရှိတဲ့ လူ ၅ ​ယောက်​ ကို ​ဒေါသ ကြီး ဆဲ ​နေသည်​။မျက်​လုံး ၀ိုင်းဝိုင်း၊
နှာ​ခေါင်းလုံးလုံး၊ မျက်​​တောင်​​ကော့​ကော့​လေးများ၊ နှုတ်​ခမ်းထူထူ၊ ပါး​​ဖောင်း​ဖောင်း​လေးနဲ့ တကယ်​ကို ချစ်​စရာ​ကောင်းပီး အရုပ်​​လေးလို လှ​နေတဲ့ ​ကောင်း​လေးက ဘာ​ကြောင့်​ ​ဆဲ ဆို​နေရတာလဲ။

ထိုအချိန်​ ၅ ​ယောက်​တွင်​​ရှိ​သော ​ကောင်​​​လေး

" ဘာလို့ ဖင်​ကုန်းရမာလဲ ကိုကြီး ဇား ​နော်​ ခ​လေး​တွေကို လာ ဆဲ မ​နေနက်​ ကျွန်​​တော်​တို့က ကိုကြီး ညှစ်​လို့
မကစားတာ​လေ "

ဟုပါသည်​ ရပ်​ကွက်​ထဲက 10၊.11၊.12. ရှိ​သေး​သော ခ​လေး များပင်​ ဇား က 17 နှစ်​​လေ ၊ ချစ်​ဖို့​ကောင်း​သော်​လည်း အရပ်​က​တော့ ပု မ​နေ ။ 5'8"ရှိသည်​။ ​ဘောလုံးကန်​ရာ တွင်​ ခ​လေးများကို တစ်​ဂိုး ကို နှစ်​ဂိုး လုပ်​ကာ ညှင်းလာ​သော ​ကြောင့်​ဖြစ်​သည်​။

" ငါ ဘာမှာ ညှစ်​​နေလို့ လဲ မင်းတို့သာ အဖွဲ့ လိုက်​အနိုင်​ကျင့်​​နေတာ ​ခွေးသား​လေး​တွေရဲ့ "

ဇား ခါး​ထောက်​က ကြိမ်း​တော့

" ​တော်​ပီ၊ ကိုကြီး ဇား ကျွန်​​တော်​ တို့ ကိုကြီးနဲ့ မကစား​တော့ဘူး ရုပ်​​လေးလှသ​လောက်​ အဆဲက ကြမ်း​သေး"

ရှေ့က က​လေး ဦး​ဆောင်​​ပြော​တော့ ​နောက်​က က​လေး​တွေက ​ခေါင်းညိမ့်​​ထောက်​ခံ ကြသည်​။

"ရတယ်​ ငါကလဲ lee မှ မကစားဘူး
အလကား ​စောက်​ခ​လေး​တွေ ဟွန့်​"

ဇား ဟွန့်​ ခနဲဆိုပီး မျက်​နှာ လွှဲကာ စိတ်​ဆိုးဟန်​လုပ်​​တော့ ခ​လေး များ က တစ်​​ယောက်​မျကိနှာ တစ်​​ယောက်​ကြည့်​ပီး လုံး​နေ​အောင်​​ပြေး​တော့သည်​။

ငရဲမင်း မိန်းမက ​ယောက်ျား​လေးတဲ့Where stories live. Discover now