မောင်ခန့်တည်ကြည် နှင့် မအသင်္ချေ
တို့၏
မင်္ဂလာ ဧည့်ခံပွဲဘာလိုလိုနဲ့ ငခန့် နဲ့ ချေ ရဲ့ မင်္ဂလာ ပွဲတောင်ရောက်ရှိလို့လာသည်။ Butter Hotel ကြီးတွင် အကြီးအကျယ် ကျင်းပပေးသည်။ မနက် ကနေ ညနေ ထိ ပွဲတွေ ဆက်တိုက် လုပ် ဖို့ ပိုးသားက စီစဉ်ထားသည်။ မင်္ဂလာ ပွဲ ကို လာတက်တဲ့ သူ မှန်သမျှ လုံးဝ ပြန်လမ်းမရှိ မနက်မှ ပြန်ကြရမည်ဖြစ်သည်။ Hotel တွင် အခန်းများ စီးစဉ်ပေစထားပီး ဒီနေ့ တစ်နေကုန် တစ်ညလုံး ကဲ ဖို့ လုပ်ထားခြင်းဖြစ်သည်။ အပျော် မက်တဲ့ ပိုးသား ရဲ့ စိတ်ကူးဖြစ်သည်။ အကုန်လုံးကလဲ Mr.Z ရဲ့ အရှိန် နဲ့ ဘဲ လုပ်ငန်းရှင်ကြီး တွေ အကုန် တက်ရောက်ပီး ပျော်ပါးကြသည်။
အခုက မနက်ခင်း မင်္ဂလာ ပွဲ ဘဲ ဖြစ်သည်။ အကုန်လုံး မြန်မာ ၀တ်ဆုံလေး များနဲ့ ကျက်သရေ ရှိလှသည်။ ချေ ကတော့ နတ်သမီးလေး တစ်ပါးလို ရွှေရောင်ထမီသိမ်းလေးနဲ့ ရွှေရုပ်လေး ပမာ တောက်ပနေသည်။ ငခန့်မှ မထိရက် မကိုင်ရက် နဲ့ ။.သူ့မမ က တကယ်လှသည်။
အသက် နဲ့ ဝေယံတို့ စုံတွဲက ငွေရောင် တိုက်ပုံပုဆိုးနဲ့
သတိုးသား အရံကနေ နေရာ.ယူသည်။ဇား က အနီရောင် နဲ့ ရွှေရောင် ပေါင်းစပ်ထားတဲ့ ချိတ်ထဘီလေးနဲ့ ဖြစ်သည်။ ဘာလို့ ထဘီ ၀တ်လဲ ဆိုတော့
ကိုကို က သဘော ကျတယ်လေ။.ဇား ကို ဘယ်သူတွေ ဘာပြောပြော ဇား ဂရုမစိုက်။ ကိုကို သဘောကျ ရင် ပီးရော။ ကိုကို က အနီရောင် တိုက်ပုံ လေးနဲ့ဘဲ။မျက်မှုန်လေး ကုပ်ထားတာက တကယ်ငရဲမင်းလေး ကြလို့။
ကြောက်စရာလေး။ဘာလို့ဆိုအကုန်လုံးက ဇား ကို သိသိသာသာငေးနေကြလို့ဖြစ်သည်။ Mr .Z ရဲ့ သမီးလို့ဘဲ ထင်ကြသည်။ အဲ့တော့
မင်္ဂလာ ပွဲ ကို တက်ရောက်တဲ့ သူဋ္ဌေးသားများက ချဉ်းကပ် ဖို့အရေး အခြေအနေ စောင့်ကြည့်နေကြသည်။
ငရဲ ဇား ကို ဒီလိုကြည့်နေကြတာ တကယ်မကြိုက်ပါ။
ဒီမှာ သူ့အပိုင် တစ်ယောက်လုံး ရှိနေတာကို ။ ဇား ကတော့ ဒါကို သိပုံ မပေါ် အသက် နဲ့ ခေါင်းချင်ဆိုင်ကာ
မုန့်ပွဲ များကို သာ မြို နေသည်။ သိတဲ့ အတိုင်းဘဲ
အငတ် နှစ်ကောင်လေ။
YOU ARE READING
ငရဲမင်း မိန်းမက ယောက်ျားလေးတဲ့
Romantikကျောလည်လောက်ရှည်တဲ့ဆံပင်တွေနဲ့ အရုပ်လေးတမျှ ချစ်ဖို့ ကောင်းတဲ့ သလို ကြောက်ဖို့လဲ ကောင်းတဲ့ ကောင်လေး ဇွန်ဇားဇက် တက်တူး အပြည့် ထိုးထားပီး ငရဲမင်း ဆိုတဲ့ နာမည်ပြောင်နဲ့ လိုက်တဲ့ ကျောင်းရဲ့ လူဆိုးလေး ရဲမင်းတာရာ အခြေေ...