ဦးရဲမင်းမြတ် Star Entertainment တွင် ဦးရဲမင်းမြတ် အပါအ၀င် ၀န်ထမ်းအားလုံးအလုပ် ရှုပ်နေကြသည်။
အနဲငယ် ဆူညံနေကြပီး အပြေးအလွှား လုပ်ဆောင်နေကြသည်။ ဘာလို့ ဆို သူဋ္ဌေးကြီး Mr.Z နဲ့ ဒေါ်ပိုးသားဇွန် တို့ က ဒီ Company တွင် ရှယ်ယာဝင်ဖို့ ကမ်းလှမ်းသောကြောင့်ဖြစ်သည်။ဦးရဲမင်းမြတ် ဆီ Mr Z ရဲ့ အတွင်းရေမှူးက ဖုန်းဆက်လာပီး အခု ထွက်လာနေပီ ပြောသောကြောင့် အလုပ်ရှုပ်နေကြသည်။ Company တံခါးဝ တွင် ရှယ်ယာရှင်များက တန်းစီကြို ဆိုလျက်ရှိပီး သူတို့နောက်တွင် ရာထူးအလိုက် အကုန်ရပ်ကာ ကြို ဆိုဖို့ အဆင်သင့်ဖြစ်နေကြပီဖြစ်သည်။.သူတို့အနေနဲ့ Top 1 Top 2 သူဋ္ဌေးများကို အပြင်တွင် တွေ့ရမည်ဖြစ်သည့်အတွက် အကုန် စိတ်လှုပ်ရှားနေကြသည်။ သူတို့ အနေနဲ့ နာမ်မည်ဘဲ ကြားဖူးပီး လူမမြင်ဘူးကြ။ အရမ်းကြည့်ကောင်းပီး မိမိုက်တဲ့ စုံတွဲ လို့ဘဲ သိထားကြသည်။
ခန နေတော့ Company ရှေ့တွင် ကားငါးစီး တန်းစီ ၀င်လာသည်။ အလယ်ကားက Mr.Z တို့ စုံတွဲ ၏ ကားဖြစ်သည်။ ကားတံခါးဖွင့် သည်နှင့် suit အပြည့်နဲ့ Mr Z
ပိုးသားကတော့ခေါင်းစ ခြေအဆုံး Gucci Brand နဲ့ ။" မင်္ဂလာပါ Mr.Z
ကြိုဆိုပါတယ် အထဲ ကြွပါခမျ "ဦးရဲမင်းမြတ် က ရှေ့က ထွက်၍ လက်ဆွဲနှုတ်ဆက်ကာ ကြိုဆိုလိုက်သည်။
" မင်္ဂလာပါ"
" ဖီဖီ"
" ဟေ.."
သူတို့ အနောက်က ဇား ရဲ့ အသံလေး။ ဇား က suit အဖြူ ၀မ်းဆက်လေး ဆံပင်များကို မြင့်မြင့်လေး စီးထားတော့ မျက်နှာလှလှလေးက ပေါ်လွှင်နေသည်။ ဦးရဲမင်းမြတ် ခေါ်လိုက်တော့ ဟိုက အံ့ဘြ စွာကြည့်လာပီး
"ည ည်း ဘယ်လို လုပ် ဒီကိုရောက်နေတာလဲ"
ဝန်ထမ်းများရဲ့ အသံများက ကျွတ်စီ ညံသွားသည်။
" ဟယ်... ဘာလေးလဲ အရုပ်လား လူလား"
" ချစ်စရာလေး ဟယ် သိပ် အသဲယားဖို့ကောင်းတာဘဲ"
YOU ARE READING
ငရဲမင်း မိန်းမက ယောက်ျားလေးတဲ့
Romanceကျောလည်လောက်ရှည်တဲ့ဆံပင်တွေနဲ့ အရုပ်လေးတမျှ ချစ်ဖို့ ကောင်းတဲ့ သလို ကြောက်ဖို့လဲ ကောင်းတဲ့ ကောင်လေး ဇွန်ဇားဇက် တက်တူး အပြည့် ထိုးထားပီး ငရဲမင်း ဆိုတဲ့ နာမည်ပြောင်နဲ့ လိုက်တဲ့ ကျောင်းရဲ့ လူဆိုးလေး ရဲမင်းတာရာ အခြေေ...