မိန်းခလေးတစ်ယောက်ကိုချစ်မိရင်..♥
When a man falls in love..
အပိုင်း...၅ခခအိမ်အပြင်ကိုခိုးကြောင်ခိုးဝှက်ထွက်ရန်ပြင်နေစဉ်..
"ဟေ့..ဒါဘယ်သွားမလို့လဲ.".
"လမ်းထိပ်စတိုးဆိုင်သွားမလို့.. ကျွန်မက
ရှင်တ်ို့ရဲ့ အကျဉ်းသားလည်းမဟုတ်ပဲ
ဘာလို့လူကိုစစ်လားဆေးလားလုပ်နေတာလဲ.."
"ငါတို့အလုပ် ငါတို့လုပ်နေတာ...
မင်းကိုအပြင်ထွက်ခွင့်မပေးနိုင်ဘူး..
ဘာလိုချင်တာလဲ..မင်းလိုချင်တာမင်းအဖိုးကို၀ယ်ခိုင်း.""မိန်းကလေး ပစ္စည်းကိုအဖိုးကို၀ယ်ခိုင်း
လို့ရမလားရှင့်..
ရှင်တ်ို့ကော၀ယ်ပေးမှာလား..လမ်းထိပ်လေးတင်..ခဏပဲမကြာဘူး..
မယုံရင်လိုက်ခဲ့.."
"ပြီးေရာ..အမြန်သွား.."ခခ စက်ဘီးနဲ့လှစ်ခနဲပြေးထွက်လာသည်။သူတို့ကိုမုန်းပေမယ့် ဖိုးဖိုးစကားတော့
နားထောင်ရမယ်လေ..
၀ယ်စရာရှိတာ၀ယ်ပြီးအမြန်ပြန်မှ...
မုန့်ဆိုင်ကရှိသမျှမုန့်တွေအကုန်ကောက်ထည့်ပြီး...
"ဒါလေး ရှင်းမယ်...""ဟဲ့မယ်ခ ညည်းနေမကောင်းလို့အိပ်ယာ
ထဲကမထနိုင်ဘူးဆို.."
"ဘယ်သူပြောလဲ ခခကအလန်းကြီးပါ
အရီးရယ်..""ညည်းအဖိုးလေ ညည်းနေမကောင်းလို့
ဆိုပြီးနေ့တ်ိုင်းဆရာ၀န်အိမ်ပင့်နေတာ
မဟုတ်လား.."
ဟိုက်!
"အဲ့တာက ဖိုးဖိုးရဲ့မိတ်ဆွေ၊အိမ်ကဧည့်
သည်နေမကောင်းတာပါ....
အရီးေရ ခခသွားလိုက်အုံးမယ်နော်.."အဲ့အရီးကျန် ကတကယ်စပ်စုတာပဲ...
>>>>>>>>>>>>
ခြံထဲကတစ်ယောက်ေရးကြီးသုပ်ပြာတတ်လာပြီး..
"ဆရာဒိုင်း... ရဲတွေနောက်ယောင်ခံလိုက်လာနေပါတယ်.."
"ဘာ...အဲ့ကောင်တွေကဘယ်လိုလုပ်
ဒီနေရာကိုသိသွားတာလဲ..""ဒီမိန်းကလေးအပြင်ထွက်သွားပြီးက
တည်းကအဲ့ကောင်တွေပါလာတာပဲ..""မင်းတို့ ဘာလို့သူ့ကိုအပြင်ပေးထွက်တာလဲ.."
အိမ်ထဲမှာမုန့်ထိုင်စားနေတဲ့ ခခ
သူတို့ကဗမာလိုတွေပြောနေတာကြောင့်
ဘာမှနားမလည်ပဲ၊ ပြူးကြည့်ရင်း..."ရှင်တ်ို့ကောမုန့်စားချင်လို့လား..ရော့လေ"တဲ့
ဘိုးစံသာပါ ထွက်လာပြီး...
"ဘာဖြစ်လို့လဲ ဒိုင်းရိပ်.."
YOU ARE READING
When a man falls in love...(Complete)