မိန်းခလေးတစ်ယောက်ကို ချစ်မိရင်..
When a man falls in love.အပိုင်း....၁၂
ဂျယ်ဂျူဒိုကိုရောက်တာနာရီပိုင်းပဲရှိသေး
သည်။ရူခင်းအကောင်းဆုံးအဆင်မြင့်ဟော်တယ်မှာတည်းခိုကြသည်။သူကအလုပ်ကိစ္စနဲ့ဖုန်းပြောနေတုန်း..
Baby အတွင်းခန်းထဲဝင်သွားတာ....
"ဦးအနီ...ကယ်ပါအုံး.. ဦးအနီ..."ဟင်...ဒါဘာသံလဲ...
သူလိုက်ပြေးဝင်သွားသည်။ဟော်တယ်ခန်းထဲကရေကူးကန်မှာ...
ခခ ယက်ကန်ယက်ကန်ဖြစ်နေသည်။ဗွမ်း..ဗွမ်း....
"ဦးအနီ.... ကယ်ပါ.."
ဟာ..ကျစ် သူရေမကူးတတ်ဘူးလား...သူဆင်းပြီးပွေ့ချီဆယ်ပေးရသည်။
"ဖူး..ဖူး..အမလေး..သေတော့မှာပဲ.."မင်းရေမကူးတတ်ဘူးလား.."
"ဟင့်အင်း.."
"ဒါဆို ဘာလို့ဆင်းသွားတာလဲ.."
"ဦးအနီ ရှိနေတာပဲ..ခခ နစ်ရင်လာဆယ်
မယ်မှန်းသိလို့ပေါ့.."၂ပေခွဲပဲရှိတဲ့ကန်မှာရေနစ်ရတယ်လို့ ငါ့
နှယ်..
"ဒီလို ကန်လောက်ဆိုကလေးတောင်မနစ်ဘူး.."
"ဦးအနီနော်..."သူမကိုထိုင်ခိုင်းပြီးသူကနောက်ကရပ်ပြီး
ရေသုတ်ပေးရင်း ..
"မင်းရေမကူးတတ်တာဆိုးတာပဲ...
မင်းရေကူးတတ်အောင်သင်.. လက်ထပ်
ပြီးရင် ကိုယ် မင်းနဲ့သွားချင်တဲ့နေရာရှိတယ်...""ဘယ်နေရာမို့လို့လဲ.."
"ရရှား.."
ဟမ်...
"Okhotsk ပင်လယ်..အဲ့မှာရေအောက်ထဲ
ဆင်းပြီး အကောင်ဖမ်းရတာပျော်ဖို့ကောင်းတယ်.."ခခ သူ့ကိုလှည့်ကြည့်ပြီး...
"ဦးအနီ..သေနတ်ပါတယ်မို့လား..အခုပဲ
ဖြစ်ဖြစ်ပစ်လိုက်ပါတော့လား..ဒီအတိုင်း ရိုးရိုးသတ်လည်းသေပါတယ်...
အေးခဲနေတဲ့ပင်လယ်အထိသွားပြီး ခခကို
ငါးစာကျွေးဖို့စဉ်းစားနေတာလား...""ဟား ဟား...ကိုယ်ရှိရင်မကြောက်ဘူးဆို..အချစ်ဆိုတာနှစ်ယောက်အတူ
စွန့်စားရတာတဲ့ baby"
"ကိုယ့်ဟာကိုယ်တစ်ယောက်ထဲသွားပါ
လား.. လူယုတ်မာကြီးရဲ့..."တကယ်ပါ..လူယုတ်မာရယ်သံနဲ့ရယ်နေလိုက်တာများ...
>>>>>>>>
ပင်လယ်ကိုတော့အတူသွားလည်ဖြစ်သည်။
ဒီလူက ခခဘ၀ထဲကိုမုန်တိုင်းလိုရောက်
လာပြီး..ကြောက်ရွံ့နာကျင်ခြင်းတွေကို
လည်းပေးခဲ့သူပါ...
ထပ်ပြီး ချစ်ခြင်းတရားနဲ့ပျော်ရွှင်မှုတွေကို
ယူဆောင်ပေးသူကလည်း ဒီလူပဲဖြစ်နေ
ပြန်သည်။
နောက်လာမည့်နေ့ရက်တွေမှာပျော်ရွှင်
ရမလား၊၀မ်းနည်းရမလား၊သေချာမသိပေ
မယ့်...ဒီလူနဲ့ပဲဖြတ်သန်းသွားချင်ပါတယ်..
သူနဲ့ပဲအိုမင်းပါရစေ... နောက်ဆုံးထွက်သက်အထိ..အတူရှိနေပါရစေ..
YOU ARE READING
When a man falls in love...(Complete)