Decemberဆိုတဲ့လလေးကသိပ်ချစ်ဖို့ကောင်းသလိုသိပ်အေးချမ်းရာသီလေးကိုပိုင်ဆိုင်ထားတဲ့လလေးပေါ့အေးစိမ့်မှုကအဖော်မရှိတဲ့အထီးကျန်သူတွေအဖို့လန့်စရာကောင်းလောက်တဲ့ရေခဲမှတ်နဲ့.....ခုတင်ပေါ်ထိုင်ရင်း မှန်တစ်ချပ်သာခြားတဲ့အခန်းအပြင်ကနှင်းကျနေတာကိုကြည့်နေသောတစ်စုံတစ်ယောက်ရဲ့ကျောပြင်...သို့ပေမဲ့ထိုကျောပြင်လေးကတစ်ချက်တစ်ချက်
သိမ့်ကနဲ့တုန်နေရင်းအပြင်မှာကျတဲ့နှင်းတွေလို
ကောင်လေးရဲ့မျက်ဝန်းကနေ မျက်ရည်ပူ
တွေကတော့တစ်စုံတစ်ယောက်အတွက်ကျနေပါတယ်နှင်းတွေကိုသိပ်ကြိုက်ပါတယ်ဆိုတဲ့ကောင်လေးကအခုတော့ပထမဆုံးနှင်းကျတဲ့ရက်မှာငိုနေခဲ့ပြန်တယ်"မောင်" သိပ်ခေါ်ချင်တဲ့
နမ်စားလေးမို့ခေါ်ပါရစေ"မောင်"လို့ခေါ်မိတာကို အပြစ်မဆိုဖို့ကိုယ်မျှော်လင့်မိတယ် မောင်
ဟုတ်တယ် မောင်ကလေ သူ့ကိုမောင်လို့ခေါ်ရင်မကြိုက်ဘူး အမြဲအနိုင်လိုချင်နေတဲ့မောင်ကသူ့အသက်၂နှစ်လောက်လေးငယ်တာကိုမောင်လို့ခေါ်ရကောင်းလားဆိုပြီးသိပ်စိတ်ဆိုးတတ်တဲ့မောင်ရယ်ပါ
ကိုယ်လေ နှင်းတွေကိုသိပ်ချစ်သလို သိပ်လည်းမုန်းချင်တယ်မောင် အကြောင်းပြချက်က သိပ်ချစ်ရတဲ့
မောင့်ကိုနှင်းတွေနဲ့စတွေ့ပြီးချစ်မိခဲ့သလိုနှင်းတွေကြားမှာထားခဲ့ပြန်တဲ့မောင့်ကိုမုန်းချင်လိုက်တာ
နှင်းတွေကိုကြည့်ရင်းအတိတ်ကိုတောင်ပြန်တွေးမိတယ်မောင် အတိတ်ကပျော်စရာမကောင်းပေမဲ့အဲ့အတိတ်တွေထဲမှာက မောင်ရှိနေတယ် ကိုယ့်မေမေပြောဖူးတာတစ်ခုရှိတယ် လူတိုင်းမှာအတိတ်ဆိုတာရှိတယ်တဲ့အတိတ်ဆိုတာပြန်လှည့်ဖို့မဟုတ်ဘူးတဲ့အဲ့အတိတ်ထဲက နာကျင်မှု့တွေဒုက္ခတွေကိုသင်ခန်းစာယူဖို့တဲ့ဒါဆိုတနေ့မှာအောင်မြင်လိမ့်မယ်လို့ပြောဖူးတယ် ကိုယ်ကတော့အတိတ်ကိုပြန်လှည့်လို့ရခဲ့ရင်လွန်ခဲ့တဲ့5နှစ်ကျော်ကိုပြန်လှည့်ချင်တယ် မောင်နဲ့စတွေ့တဲ့အချိန်ပေါ့.......
လွန်ခဲ့သော၅နှစ်ခန့်ကရှင်းဟွာဆိုသောအထက်တန်းကျောင်းသည် သူဌေးသားသမီးများနှင့်စာတော်သောကျောင်းသားများစုနေသောကျောင်းဖြစ်ပေမဲ့စည်းကမ်းတင်းကျပ်သောကျောင်းမျိုးသာဖြစ်၏
"ဒရိုင်ဘာpark ကားကဘာလို့ရပ်သွားတာလဲကျောင်းချိန်ကအရမ်းနီးနေပြီလေ ကျွန်တော်အဆူမခံနိုင်ဘူးနော် လူအများရှေ့မှာနောက်ကျရလိုဆိုပြီးအရှက်မရချင်ဘူး"
jungkook၏အေးစက်စက်အသံကကြက်သိမ်းထဖို့ကောင်းပြီးသြဇာအာဏာတွေပါနေတာမို့အသက်ကြီးပေမဲ့ကျောချမ်းရသော်လည်းjungkookသည် ရိုင်းစိုင်းသူတစ်ယောက်မဟုတ်သည့်အတွက် အနည်းငယ်မျှတုန်လှုပ်ရုံသာဖြစ်ခဲ့၏
'အင်ဂျင်ရပ်သွားတာပါသခင်လေး
ဦးလေးအမှားပါ သခင်လေးအလျင်လိုနေလို့ ဦးလေးကားကိုမစစ်လိုက်မိတာပါ ဟိုလေ နှင်းတွေကအရမ်းကျနေတော့ ဦးလေးလည်းအရမ်းအေးနေလို့စစ်ဖို့မေ့သွားလို့ပါ'
"ဒါဆို ဒရိုင်ဘာကြီးက ကားကိုမစစ်ခဲ့တာပဲ ပေါ့လျော့မှု့ကိုဝန်မခံပဲအလျင်လိုနေတဲ့ကျွန်တော့ကိုအပြစ်ဆိုချင်တာများလား"
'မဟုတ်ပါဘူးသခင်လေးဦးလေးကမစစ်မိတာပါ ဦးလေးအမှားပါ သခင်လေး အပြစ်မှမဟုတ်ပဲ'
"ကဲထားလိုက်တော့( jungkookတစ်ယောက်နာရီကိုကြည့်ရင်းပြောလေသည်)ကျောင်းနဲ့သိပ်မဝေးတော့ဘူးဆိုတော့လမ်းလျှောက်ရုံပေါ့ ကျောင်းချိန်က အရမ်းကပ်နေပြီ"
'ဟုတ်ကဲ့သခင်လေး'
"ဒါဆိုလည်းကျွန်တော်သွားတော့မယ်
ကားပြင်ဖို့Daddyကိုဖုန်းဆက်ပြီးပြောလိုက်ပါ နောက်ထပ်မှားတာမျိုးလက်မခံနိုင်လို့" (jkအေးစက်စက်တင်းမာသောအသံဖြင့်ပြောလေ၏)
'ဟုတ်ကဲ့ပါသခင်လေး'
Jungkookထွက်သွားပြီးနောက်
YOU ARE READING
ကံကြမ္မာလှည့်ကွက်(운명의장난)
FanfictionJm- မောင့်ကိုအစကတည်းကအနိုင်မယူသလိုပြိုင်လည်းမပြိုင်ခဲ့ဘူးမောင်ဒါပေမဲ့ ဒီပွဲမှာတော့ မောင်ရှုံးတယ် မောင့်အချစ်တွေကိုကိုယ့်တစ်ယောက်တည်းအတွက်ပေးခဲ့တာကို ကိုယ်မြင်လိုက်ရလို့ပဲ JK- ခင်ဗျားကို ကျွန်တော်မချစ်ခြင်ဘူးjimin shi ဒါပေမဲ့ ရင်ဘက်ထဲကကောင်က ကျုပ်စကာ...