Fate- 6

284 22 1
                                    

ဘယ်သူမှမရောက်သေးပဲ ကျောင်းချိန်ကစောနေသေးတော့ လူနည်းပြီးအသံကတိတ်ဆိတ်နေသည်မို့ jungkook ရဲ့ ခနဲ့တဲ့တဲ့စကားက jiminတင်မကပဲ jhopeပါကြားသွားလေသည် ပုံမှန်ဆိုjungkookက ဒါမျိုးစိတ်ဝင်တစားပြောတတ်တဲ့သူမှမဟုတ်ပဲ jhopeတစ်ယောက် jungkookပြောတဲ့စကားကို မသိချင်ယောင်ဆောင်ပြီးကျော်သွားဖို့စဥ်စားထားပေမဲ့ jiminရဲ့ညိုးငယ်သွားတဲ့မျက်နှာလေးမြင်တော့ မဟုတ်ရင်မခံတတ်တဲ့jhopeစိတ်လေးက ဒီနေရာမှာလည်းနိုးထလာတယ်ထင်ပ

jhope- မင်းဘယ်သူ့ကိုပြောတာလဲ jungkook
Jk-ဘယ်သူ့ကိုပြောတယ်ထင်လဲ🤨
jhope- မင်းယောကျာ်းမလား ယောကျာ်းဆို ယောကျာ်းလိုဝန်ခံလိုက် မင်းဘာသာဘာကောင်ဖြစ်ဖြစ်စိတ်မဝင်စားဘူး
ဒီနေရာမှာဆူတယ်ထင်ရင် မင်းဝင်မလာနဲ့လေ
ဒီကျောင်းခန်းကမင်းပိုင်တာမဟုတ်ဘူး
မင်းအတွက်ဆူတယ်ထင်ရင် မင်းဘာသာစာကြည့်တိုက်မှာသွားထိုင်နေလိုက်

jungkook တစ်ယောက်တခါမှဒီလိုအပြောကိုမခံရဘူးတော့ စိတ်တိုနေသည်
လက်သီးကိုကျစ်နေအောင်ဆုပ်ပြီး အံကြိပ်ထားတော့ jungkookနထင်ကြောတွေပါထောင်ပြီး မျက်မှောင်ကျုပ်ကာ ဘာစကားမှ မဆိုတော့ပဲ‌သူ့ခုံနေရာမှာသွားထိုင်ဖို့သာဆုံးဖြတ်လိုက်တော့သည် မသွားခင်jungkookအကြည့်က jiminဆီရောက်သွား ပြီးကြောက်စရာကောင်းလောက်တဲ့အကြည့်မျိုးဖြင့်သာကြည့်နေသည်
jungkookအကြည့်တွေကို jiminနားလည်လိုက်သည်က သူ့အရှေ့မှာအပြောခံရလို သခင်လေးရှက်သွားတာရော သူတို့အသံကျယ်လို့စိတ်တိုနေတာရောပေါင်းပြီး စိတ်တိုသွားသည်ဟုထင်နေမိသည်

jimin- hoba လာပါခဏနေတခြားသူတွေလည်းလာတော့မယ် လူမြင်ရင်မကောင်းဘူးလေ ငါတို့ထိုင်ရအောင်ပါကွာ
Jhope-အေးပါကွာ ငါကြာကြာစိတ်မဆိုးတက်ပါဘူးကွ အခုဟာကဘလိုင်းကြီးလာပြောတော့ဒေါသထွက်လို့ပါ
jimin-အေးပါကွာ ငါ့သူငယ်ချင်းလေးက sunshineလေးပဲကို သိတာပေါ့ ဒါနဲ့သခင်လေးကိုစိတ်မဆိုးပါနဲ့‌နော် သခင်လေးက အဲ့လိုဆူတာမကြိုက်လို့ပါကွာ နော်နော် ငါ့မျက်နှာထောက်ပြီးသခင်လေးကိုစိတ်မဆိုးပါနဲ့
jhope- ဟ ဟ အေးပါကွာ မင်းကိုမေးရဦးမယ် မင်းသခင်လေးကို အရင်ကထက်ပိုကာကွယ်ပေးနေသလိုပဲ မဟုတ်မှ.....
jimin-မဟုတ်ဘူး ငါရှင်းပြမယ် သခင်လေးရဲ့အမေ jeon သခင်မကြီးကငါ့ကိုမွေးစားလိုက်တာလေ အဲ့တော့သူကငါ့ညီလေးဖြစ်သွာတာပေါ့ အဲ့ဒါကြောင့်ပါ မင်းကဘာထင်နေတာလဲ

ကံကြမ္မာလှည့်ကွက်(운명의장난)Where stories live. Discover now