jiminတစ်ယောက် ကျောင်းတံခါးပိတ်ဖို့မိနစ်စွန်းစွန်းလေးအလိုမှသာကျောင်းသို့ရောက်လေသည် သူမရောက်ဖူးတဲ့နေရာမှာ အစိမ်းသက်သက်ဖြင့်ပထမဆုံးကျောင်းစတက်ရသည့်အတွက်အားငယ်စိတ်လေးဝင်မိသည် သူထင်ထားသည်က သခင်လေးက အကုန်လုံးကိုမကူညီရင်တောင် သူ့ကိုကျောင်းသွားဖို့သူ(Jungkook)ကခေါ်လိမ့်မယ်လို့ထင်ထားခဲ့တာ အခုတော့ သူ့(jimin)ကိုမခေါ်ပဲထားခဲ့တော့ လမ်းတွေကမသိလမ်းတွေမှားပြီး ကျောင်းကိုတော်တော်နဲ့မရောက်နိုင်လမ်းတွေမေးပြီးစက်ဘီးကိုအမြန်နင်းလာရတော့မောဟိုက်ကာမာရသွန်ပြေးလာသလားထင်ရအောင်ချွေးတွေရွဲပြီးကျောင်းသို့ရောက်လာသည်
စာသင်ခန်းတွင်
ကဲ ဒီနေ့ အသစ်ပြောင်းလာတဲ့ကျောင်းသားအသစ်လေးရှိတယ် သူ့ကိုကြိုဆိုလိုက်ကြပါဦး....ဆရာမစကားအဆုံးမှာ
Jungkookတစ်ယောက်ကလွဲရင်တစ်ခန်းလုံးလက်ခုတ်တီးကြလေသည်
ဆရာမက *သူ့နာမည်က Jiminလို့ခေါ်တယ် Busanကနေပြောင်းလာတာ စာအရမ်းတော်တဲ့ကလေးမို့ဒီအခန်းကိုပို့ပေးထားတာနော် ကလေးတို့က သူ့ကိုကူညီပေးလိုက်ကြဦးနော်.... ,သားjimin ဟိုအလယ်တန်းရဲ့တတိယတန်းက Hobiဘေးကခုံမှာထိုင်လိုက်နော်* ဆရာမစကားပြောတာကြားပြီးတာနဲ့hobiတစ်ယောက်လက်ပြကာjiminကိုလှမ်းခေါ်သည် Jiminသူ့ဘေးရောက်သည်နှင့်
"ငါ့နာမည်ကJungHosekဒါပေမဲ့ကုန်လုံးကတော့ငါ့ကိုhobiလို့ခေါ်ကြတယ် မင်းကိုတော့jiminလို့ပဲခေါ်မယ်နော် ငါ့ကိုတော့ မင်းအဆင်ပြေသလိုခေါ်ပေါ့နော် "ဆိုပြီးhobaတစ်ယောက်သူ့ဘေးကချစ်စရာသေးသေးလေးကိုအူယားစွာနဲ့စကားဆိုနေလေသည် jiminသည်လည်းသွက်လက်ပြီးပြုံးချိုနေတဲ့မျက်နှာလေးနဲ့ hobiကိုမြင်မြင်ချင်းခင်သွားလေသည် "အင်းမင်းအဆင်ပြေသလို့ခေါ်ပါ ငါကလည်းမင်းကို hobaလို့ခေါ်မယ်လေ okလား" ဆိုပြီးjiminကပြောတော့ hobaကပြုံးရွှင်စွာဖြင့် "အရမ်းokတယ် မင်းကိုအူယားလွန်းလို့ဖြစ်ညစ်ချင်လာပြီjiminရေ "လို့ဆိုလိုက်တော့ jiminကလည်းမျက်စိပေါက်လေးတွေပိတ်သည်အထိပြုံးပြနေသည် ထိုစဥ် သူ့ခုံနဲ့ မျက်စောင်းထိုးလောက် တစ်တန်းအကျော်က ခုံကjungkookကိုလှမ်းကြည့်မိတော့ သူ့ကိုယောင်လို့တောင်လှည့်မကြည့်တဲ့သူရဲ့ကျောကိုကြည့်ပြီး မျက်ရည်စို့မိသည်
Jiminစိတ်ထဲတွင် (သခင်လေးကမာနကြီးလိုက်တာငါ့ကိုလှည့်တောင်မကြည့်ဘူးပဲ)
jiminငေးနေသည့်နေရာကိုကြည့်ပြီးhobaက" jimin မင်းကရေခဲမင်းသားကိုသိလို့လား" hobaကမေးတော့ jiminကခေါင်းညိမ့်ပြပြီး
"အင်းသိတယ်လေ သူကငါ့ရဲ့အရှင်သခင်ငါကသူ့အိမ်က ဒရိုင်ဘာရဲ့သားပါ သခင်လေးကမာနအရမ်းကြီးတော့မခေါ်ရဲလို့"
jiminစကားကိုကြားပြီးhobiက
"ပြောရဦးမယ် ရေခဲမင်းသားက မင်းကိုကြည်မှာမဟုတ်ဘူး ဘာလို့လဲသိလား သူကမင်းနဲ့ပြိုင်ဘက်လိုဖြစ်နေလို့လေ" hobaစကားကိုjiminနားသိပ်မရှင်းပေ
"ဟင် ငါလိုလူကသခင်လေးနဲ့ပြိုင်စရာလားမပြိုင်ဝံ့ပါဘူး သခင်လေးက အစစအရာရာငါ့ထက်သာတယ်လေ" hobaက "မင်းကိုပြောပြမယ် သူကပြိုင်ရတာတွေကိုသဘောကျတယ်သူက အရှုံးဆိုတာကိုလက်မခံချင်တဲ့သူ အေး ပြီးတော့ သူက တို့တစ်ကျောင်းလုံးမှာပထမပဲ မင်းကလည်းစာအရမ်းတော်ပြီးဒီကျောင်းကိုပြောင်းလာတာဆိုတော့ သူကမင်းကိုသူ့ပြိုင်ဘက်လို့သဘောထားပြီပေါ့" jiminတစ်ယောက်hobaပြောတဲ့စကားတွေကိုနားထောင်ရင်း စာတော်နေတဲ့သူအပြစ်လား ဒါမှမဟုတ် သူနဲ့jungkookကိုကြည်စယ်ဖို့ကံကြမ္မာကသက်သက်ဖန်တီးလိုက်တာများလားဆိုပြီးjiminတွေးမိတယ် တကယ်သာကံကြမ္မာကိုအပြစ်ပုံချကြေးဆို သူနဲ့jungkookကိုဒီလိုပုံစံမျိုးဆုံစေတာကိုက ကံကြမ္မာရဲ့အပြစ်ဖြစ်သွားပြီ jiminတစ်ယောက်သက်ပျင်းချရင်းစိတ်ထဲတွင်ဘာလို့များသူတို့ကိုအခုလိုဆုံစေတာလဲကံကြမ္မာရယ် မလိမ်တမ်းဝန်ခံရရင် သခင်လေးရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကိုမြင်ကတည်းက သဘောကျခဲ့တာဖြစ်သည် သူ့ရဲ့အေးစက်စက်မျက်နှာကိုမကြည့်ဝံ့ပေမဲ့အဲ့မျက်လုံးလေးတွေကိုတော့တကယ်သဘောကျသည် အပြစ်ကင်းပြီးဖြူစင်တဲ့ယုန်သူငယ်ရဲ့မျက်လုံးလေးတွေလိုပဲ ...
YOU ARE READING
ကံကြမ္မာလှည့်ကွက်(운명의장난)
FanfictionJm- မောင့်ကိုအစကတည်းကအနိုင်မယူသလိုပြိုင်လည်းမပြိုင်ခဲ့ဘူးမောင်ဒါပေမဲ့ ဒီပွဲမှာတော့ မောင်ရှုံးတယ် မောင့်အချစ်တွေကိုကိုယ့်တစ်ယောက်တည်းအတွက်ပေးခဲ့တာကို ကိုယ်မြင်လိုက်ရလို့ပဲ JK- ခင်ဗျားကို ကျွန်တော်မချစ်ခြင်ဘူးjimin shi ဒါပေမဲ့ ရင်ဘက်ထဲကကောင်က ကျုပ်စကာ...